ဘီးလင်း၊ အောက်တိုဘာ ၂၄

ဘီးလင်းမြို့နယ် ကော့ကဒွတ်ရွာရှိ ရွှေဘုံသာစေတီကို ဒေသခံများလွတ်လပ်စွာကိုးကွယ်ပူဇော်ခွင့်ရရှိရေးအတွက် လူအင်အား(၆၀၀)ဦးခန့်ဖြင့် အောက်တိုဘာ၂၄ ရက်နေ့က ဆန္ဒထုတ်ဖော်တောင်းဆိုမှုပြုလုပ်ခဲ့ကြသည။်

ရွှေဘုံသာစေတီတော်အား ကိုးကွယ်ခွင့်ရရေးတို့အရေး၊ ရွှေဘုံသာစေတီကို ထိန်းသိမ်းခွင့်ရရေး တို့ အရေး၊ ရွှေဘုံသာစေတီအားလှုဒါန်းခွင့်ရရေးတို့အရေးဟူသည့် စာတမ်းပါ ပိုစတာများကိုကိုင်ဆောင်ကြွေးကြော်၍ ကော့ကဒွတ်ရွာထိပ်မှ ဘီးလင်းမြို့ပေါ်သို့ ချီတက်ခဲ့ကြသည်။

“စစ်အစိုးရလက်ထက်က ကျိုက်ထီးဆောင်းဆရာတော်က ထိန်းသိမ်းလိုက်တယ်။ ကျွန်တော်တို့ ရွာသားတွေ ကထိန်ခင်းခွင့်မရခဲ့ဘူး။ ပဌာန်းပွဲတွေပေးမလုပ်တော့ဘူး။ ၂၀၁၂ ခုနှစ်မှာ ဉာဏ်တော်(၅)ပေ ကြေးဆင်းတုတစ်ဆူပျောက်သွားခဲ့ရတယ်။ အရေးယူပေးဖို့တိုင်ကြားပေမဲ့ဘယ်သူကမှအရေးတယူမလုပ်ပေးခဲ့ကြဘူး”ဟု ဆန္ဒဖော်ထုတ်ခြင်းကို ဦးဆောင်သူ ကိုကျော်မင်းကပြောဆိုခဲ့သည်။

ထိုသို့ဆန္ဒထုတ်ဖော်ရန် ကော့ကဒွတ်ကျေးရွာဒေသခံ ကိုကျော်မင်း၊ ကိုဝင်းထွဋ်ဦး၊ ကိုထွန်းလင်း စိုးတို့က အောက်တိုဘာ၂၀ ရက်နေ့တွင် ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးသို့ လာရောက်ခွင့်ပြုချက် တောင်းခံ ထားခဲ့ပြီး ခွင့်ပြုမိန်ရခဲ့သည်ဟုသိရသည်။

ဆန္ဒထုတ်ဖော်သူများသည် ဘီးလင်းမြို့ကံသာယာရပ်ကွက်ရှိ သာသနာ့ဗိမာန်ရှေ့တွင် ဟောပြောမှု များပြုလုပ်ခဲ့ပြီး ” ကျွန်တော်တို့အခုလို ဆန္ဒထုတ်ဖော်တာဟာ ဖြစ်ပျက်နေတဲ့အခြေအနေကို ပြည်သူသိအောင် လွှတ်တော်ကသိအောင် အစိုးရကကူညီပေးစေချင်လို့လုပ်တာပါ။ ကိုယ့်ရွာကဘုရားကို ဒေသခံတွေအနေနဲ့ လွတ်လွတ်လပ်လပ်ကိုးကွယ်ချင်တယ်”ဟု ဟောပြောသူ ကိုဝင်းထွဋ်ဦးကပြောဆိုခဲ့ပြီး၊ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်များနှင့် သထုံခရိုင်ရဲတပ်ဖွဲ့မှုး တို့ကလည်း လာရောက်ကြီးကြပ်ထိန်းသိမ်းပေးခဲ့ကြောင်းတွေ့ရသည်။

ကော့ကဒွတ်ကျေးရွာမှ ရွှေဘုံသာစေတီနှင့်ပရဝုဏ်ကို စစ်အစိုးရလက်ထက်က ဘုန်းကြီးခဲ့သူ ကျိုက်ထီးဆောင်းဆရာတော်မှ မိမိ၏ဂေါစရဂမ် အဖြစ်ထိန်းသိမ်းထားခဲ့ပြီး ပဌာန်းပွဲကျင်းပခွင့်၊ ကထိန်ခင်းခွင့်များကိုဒေသခံများပြုလုပ်ခွင့်မရခဲ့တော့သည့်အပြင် သက်သတ်လွတ်နယ်မြေသတ်မှတ်လိုက်ခြင်း၊ ဉာဏ်တော် ၅ပေရှိရှေးကြေးဆင်းတုပျောက်ဆုံးခဲ့ရခြင်းတို့အပေါ်ဒေသခံများကမကျေမနပ်ဖြစ်နေရာမှ မိမိတို့ရွာဘုရားကို မိမိတို့ ဘာသာလွတ်လပ်စွာကိုးကွယ်ခွင့်ပြန်ရရေးအတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်းသိရသည်
%e1%80%98%e1%80%ae%e1%80%b8%e1%80%9c%e1%80%84%e1%80%b9%e1%80%b8%e1%80%98%e1%80%af%e1%80%9b%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9b%e1%80%b1%e1%80%9b%e1%80%b8%e1%80%86%e1%82%8f
သတင်း – တင်ထွန်းဦး (ဘီးလင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.