မော်လမြိုင်၊ အောက်တိုဘာ ၂၆

မော်လမြိုင်မြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ပွဲရုံတန်းများနှင့် ကုန်တင်ယာဉ်များအဝင်အထွက် များလာခြင်းကြောင့် မြေနေရာ အခက်ခဲများဖြစ်ပေါ်လျက်ရှိပြီး အဆိုပါ ကားဝင်းကို ပြောင်းရွှေ့ရန် ပြည်နယ် အစိုးရမှ အတည်ပြုလိုက်ပြီးနောက် ပြောင်းရွှေ့ပါက ကားဝင်းအတွင်းရှိ ဆိုင်ခန်းများကို နေရာချပေးစေလို ကြောင်း ဆိုင်ရှင်များက တောင်းဆိုလိုက်သည်။

ဈေးကြိုကားဝင်းပြောင်းရွှေ့ရန် မီးရထားပိုင်မြေကို တောင်းထားသော်လည်း ယာယီသာရရှိမည်ဟု ဆိုသောကြောင့် မြေနေရာ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးကပြောကြားခဲ့ကြောင်းသိရသည်။

“အန်တီတို့နေခဲ့တာ နှစ်ပေါင်း (၂၀) လောက်ရှိပြီ အခုပြောင်းရမယ်ဆိုတော့ နေရေးထိုင်ရေးတွေ အခက်ခဲတွေ ဖြစ်လာနိုင်တာပေါ့။ နေရာအသစ်ဆိုရင်တော့ အခြေချရတာ ကြာဦးမှာပေါ့။ ပြောင်းရပြီဆိုရင် လည်း နေရာကောင်းကောင်းလေး ပြန်ပေးစေချင်ပါတယ်” ဟု ကံကောင်းထမင်းဆိုင်မှ ဆိုင်ရှင် ဒေါ်မိုးချယ်ရီက သံလွင်တိုင်းမ်သို့ပြောကြားသည်။

စည်ပင်မှ ဈေးကောက်များကောက်ခံမှုရှိသော်လည်း ပျက်စီးနေသည့် ဈေးကြိုကားဝင်းအတွင်းမှ လမ်း များကို မိမိဘာသာ တတ်နိုင်သမျှ မြေဖို့ပေးခဲ့ရကြောင်း ၎င်းကပြောကြားခဲ့သည်။

ဈေးကြိုကားဝင်းသည် လုံခြုံရေးအားနည်းပြီး ကားဝင်းရွှေ့ပြောင်းပါက ယခုထက်ပိုမိုကောင်းမွန်သည့် အခြေအနေမျိုးဖြစ်လာလိမ့်မည်ဟု ဒေသခံတစ်ချို့က ယုံကြည်နေကြသည်။

“ဈေးကြိုကားဝင်းက နေရာစီမံကိန်းလား ကားဝင်းလား မကွဲပြားဘူး။ ဥပမာ ထားဝယ်ဂိတ်တစ်ခုဆိုရင် လိုက်ရှာနေရတယ်။ နေရာအတည်တစ်ကျမရှိဘူး။ အခုကားဝင်းက ဝင်ပေါက်ထွက်ပေါက်တွေ တအားကျဉ်း တယ်။ ကားဝင်းဆိုတာ လုံခြုံမှု ရှိရမယ်။ အခုက ရဲကင်းက တစ်ခါတစ်လေမှ လာတယ်။ နောက်ခရီးသည်တွေ နားဖို့ဘာဖို့ စည်ပင်က လုပ်ပေးတာတွေမရှိဘူး။ တော်တော်အားနည်းတယ်။ ကျွန်တော်တို့ကတော့ ကားဝင်း အသစ်မှာ စနစ်တကျ နဲ့ နေရာ ပြန်ပေးစေချင်ပါတယ်”ဟု သပြေရိရပ်စားသောက်ဆိုင်မှ ကိုသန်းနိုင်က ပြောသည်။

ဈေးကြိုကားဝင်းတွင် ဆိုင်ကယ် Taxi ပြေးဆွဲနေသည့် ကိုစောသန့်ဇင် ကလည်း “ဒီနားတစ်ဝိုက်မှာ နေတဲ့ သူတွေက ဒီမှာ စီးပွားရှာတဲ့သူတွေက များတယ်လေ/ အဲ့ဒါကြောင့် ပြောင်းရွှေ့လိုက်ရင် အဆင်မပြေ ပါဘူး/ ကားဝင်းအသစ်ဆိုရင် (၂) နှစ်လောက်က အထိုင်ကျဦးမှာ မဟုတ်ပါဘူး” ဟု ၎င်း၏အမြင်ကို ပြော သည်။

လက်ရှိအချိန်တွင် ဈေးကြိုကားဝင်းပြောင်းရွှေ့မည့်မြေနေရာကို မော်လမြိုင် ခရိုင် အထွေထွေ အုပ်ချုပ် ရေးမှူး ဦးစီးဌာနမှ ခရိုင်မှူး၊ မော်လမြိုင် ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းစစ်ဦးစီးဌာနမှ ခရိုင် ဦးစီး မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မော်လမြိုင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင် အရာရှိ ၊ မွန် ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ မှ ဥက္ကဌတို့အား မြေနေရာ ရှာဖွေရန် ဖွဲ့စည်းပေး ထားကြောင်း ပြည်နယ်အစိုးရရုံးမှ သိရသည်။

သတင်းနှင့် ဓာတ်ပုံ -TU Arkar Min
%e1%80%b1%e1%80%85%e1%80%ba%e1%80%b8%e1%82%80%e1%80%80%e1%80%ad%e1%80%b3%e1%80%a1%e1%80%b1%e1%81%80%e1%80%b8%e1%80%b1%e1%80%bb%e1%80%95%e1%80%b8%e1%81%80%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.