ပေါင်၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုများ မေးခွန်းများအပေါ် ပြည်နယ်အစိုးရ၏ တုံ့ပြန်မှု အားနည်းနေပြီး ထိရောက်မှု ၅၀% ခန့်သာရှိနေသေးကြောင်း ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်၂ မှ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကပြောသည်။<!--more-->



“ရေတိုကိစ္စတွေပဲ ပြန်လည်ဖြေကြားနေတယ်။ ကျွန်တော်လိုချင်တာက ရေရှည် စီမံချက်ဘယ်လို လုပ် ဆောင်မယ်ဆိုတဲ့အစီအမံကိုပါ။ သူတို့ဖြေဆိုချက်တွေအရ မူဝါဒခိုင်ခိုင်မာမာ မရှိသေးဘူးလို့ယူဆတယ်။ ကျောက်မိုင်းကိစ္စမေးတယ်။ ထန်းပင်ချောင်ကချောင်း မြေကိုအကွက်ရိုက်ပြီးရောင်းထားတဲ့ အလွဲသုံးစားကိစ္စ ဆိုရင် သူတို့ရဲ့တုံ့ပြန်လုပ်ဆောင်မှုကိုအားမရလို့ ဒုတိယအကြိမ်အဖြစ် တတိယအကြိမ်လွှတ်တော်အစည်း အဝေးမှာထပ်မေးခဲ့တယ်။ အရေးယူမယ်လို့ပဲဝန်ကြီးဦးထွန်းဌေးကဖြေတယ် ဘယ်လိုဥပဒေနဲ့အရေးယူမယ် ဆိုတဲ့တိကျတဲ့အဖြေမပါဘူး“ ဟု ဦးဇော်ဇော်ထူးက သံလွင်တိုင်းမ်သို့ပြောသည်။ 

ပေါင်မြို့နယ် တောင်ရှေ့ ပိုင်းကျေးရွာများမှခရိုင်ချင်းဆက်ကားလမ်း ရှိ တံတားအမှတ် ၄/၅ နှင့် ၁/၅ တို့ပျက်ဆီးနေသဖြင့်ပြုပြင်စရိတ် ငွေသိန်း၁၆၀၀ ကျပ်ချထားပေးမှုတွင် အဆိုပါတံတားများအား ကျောက် ထုတ်လုပ်ငန်းများက ပြန်လည်ပြုပြင်ပြီးအခြေအနေဖြစ်နေ၍ မွမ်းမံခြင်းသာ လုပ်ကိုင်ရန်ရှိသဖြင့် ပိုလျှံငွေ ကိုမည်သို့ ဆောင်ရွက်ရန်စီစဉ်ထားကြောင်းမေးခွန်းအား ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဦးဆွေမြင့်က ပြန် လည်ဖြေကြားရာတွင်လည်းတိကျသောအဖြေမထွက်ခဲ့ကြောင်းဦးဇော်ဇော်ထူက ပြောသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွင် ဦးဇော်ဇော်ထူးမှ ကျောက်မိုင်းကိစ္စ အဆို၊ တံတား ပြင်ဆင်ရန်ငွေပိုလျှံနေသည့်ကိစ္စ မေးခွန်း ထန်းပင်ချောင်ကြီးကျေးရွာမှချောင်းမြေကို အိမ်ကွက် ပြုလုပ် ရောင်းစားခြင်းအလွဲသုံးစားမှုစသောအကြောင်းအရာများအား မေးခွန်း၅ ခု အဆို၂ ခုထောက်ခံဆွေးနွေးမှု ၅ ခုပြုလုပ်ထားပြီး ၎င်း၏မေးခွန်းအဆိုများအပေါ် အစိုးရ၏တုန့်ပြန်မှု ၅၀% ခန့်သာရှိနေ ကြောင်းဝေဖန်ပြောကြား ခဲ့သည်။ 

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.