မော်လမြိုင်၊ အောက်တိုဘာ ၂၅

မွန်ပြည်နယ် မြို့အဝင်အထွက်ပေါက်များကို စစ်ဆေးမှု ပြုလုပ်ရန် ပြည်နယ်အစိုးရုံးသို့ စာတင်ထား ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှုရုံးမှ သတင်းရရှိသည်။

စက်တင်ဘာလ နှင့် အောက်တိုဘာလအတွင်း ဘင်္ဂါလီများ ဖမ်းဆီးရမိနောက် ပြည်နယ်အတွင်းရှိ ရေလမ်းကြောင်းနှင့် ကုန်လမ်း မြို့အဝင်အထွက်ပေါက်များကို သက်ဆိုင်ဌာနများနှင့် ပူးပေါင်း စစ်ဆေးမှု ပြုလုပ်ရန် အောက်တိုဘာလ ၂၅ ရက်နေ့က စာတင်ထားခြင်းဖြစ်သည်။

“သတင်းအရ ဖမ်းဆီးထားမှုတွေ လုပ်တယ်။ ရခိုင်က ဝင်လာတဲ့ ဘင်္ဂါလီတွေကို ဖမ်းဆီးထားမှုရှိတယ်။ သူ့တို့တွေကို လ.ဝ.က ဥပဒေနဲ့ အမှု ဖွင့်ထားတယ်။ အဝင်အထွက် ဂိတ်တွေကို စစ်ဆေးဖို့ ပြည်နယ်အစိုးရကို မနေ့က တင်ပြထားတယ်။ ပြည်နယ်အစိုးရက လုပ်တော့ဆိုပြီး အမိန့်ကျလာတာနဲ့ ကျွန်တော်တို့ အကောင် အထည် ဖော်ဆောင်ရွက်သွားမယ်။ စစ်ဆေးတဲ့ အချိန်မှာ ပူးပေါင်းအဖွဲ့တွေနဲ့ ရှောင်တခင် စစ်ဆေးမှု လုပ်သွား မယ်“ ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဘိုဘိုဦးကပြောသည်။

မွန်ပြည်နယ်တွင် လုံခြုံရေးကောင်းမွန်စေရန် ဂရုတစိုက် ပြုလုပ်နေသောကြောင့် ခိုးဝင် ဘင်္ဂါလီများ နည်းပါးကြောင်း၊ ဘင်္ဂါလီများ ထပ်မံ ဝင်ရောက်မှု မရှိစေရန် ရဲအင်အား ၁၆၀၀ ကျော် လုံခြုံရေးယူ ထားကြောင်း ရဲမှူးကြီး ဘိုဘိုဦးက ဆိုသည်။ ပြည်နယ်အတွင်းရှိ တံတာ များ၊ စက်ရုံ အလုပ်ရုံများ၊ တက္ကသိုလ်ကျောင်းများ၊ ဘဏ်များနှင့် အသံလွှတ်ဌာနများကို ပုံမှ လုံခြုံရေးသာ တာဝန်ယူထားကြောင်း ရဲမှူးကြီး ဘိုဘိုဦးက ဆိုသည်။ “ ပြည်နယ်ထဲမှာ ရှိတဲ့ စက်ရုံး အလုပ်ရုံးတွေကို တစ်လ တစ်ခါလောက် စစ်ဆေးမှု ပြုလုပ်တယ်။

သတင်းကြားရင်လဲ ကြားသလို စစ်ဆေးပါတယ်။ တရားမဝင် နိုင်ငံခြားတွေနဲ့ နိုင်ငံခြားသားမဟုတ်တဲ့ လ.ဝ.က ဥပဒေနဲ့ ငြိစွန်းတဲ့ လူတွေကို တရားရုံးမှာ ဦးတိုက်လျှောက်ပြီး တရားစွဲဆိုတယ်“ ဟု ပြည်နယ် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးမှုရုံးမှ ပြည်နယ်ညွန်ကြားရေးမှူး ဦးရှိန်ဝင်းက ပြောသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ဘင်္ဂါလီ ၉ ဦး၊ သံဖြူဇရပ်မြို့နယ်တွင် ဘင်္ဂါလီ ၂ ဦး၊ မော်လမြိုင် မြို့နယ်တွင် ဘင်္ဂါလီ ၁၂ ဦး ၊ ကျိုက်မရော မြို့နယ်တွင် ဘင်္ဂါလီ ၂ ဦး စက်တင်ဘာလနှင့် အောက်တိုဘာလ က ဖမ်းဆီးရမိခဲ့သည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.