မုဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ နေအိမ်ခြံဝင်းများနှင့် ဘုရားစေတီများတွင် နွားလှည်းဘီး အဟောင်းများဖြင့် လူ့အသုံးဆောင်ပစ္စည်းများနှင့်အတူ အလှဆင်ခြင်းများပြုလုပ်မှု တွင်ကျယ်ခေတ်စားလာကြောင်း ဗိသုကာလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများထံမှသိရှိရသည်။

“လှည်းတွေက အခုခေတ်မှာ အရင်ခေတ်ကာလလိုမျိုးအသုံးမတွင်တော့ဘူး။ အခုလိုဗိသုကာအတတ်နဲ့လှည်းဘီးအဟောင်းတွေကို လူတွေအသုံးတည့်စေမယ့် ပြပြင်မှုတွေပြုလိုက်တော့လည်း တန်ဖိုးမဲ့ရာကနေ တန်ဖိုးဖြစ်လာတယ်ပေါ့”ဟု လှည်းဘီးအဟောင်းခွေများဖြင့် အလှဆင်ခြင်းများပြုလုပ်လျှက်ရှိသည့် လက်သမား ဆရာကြီးဦးမောင်မဲက သံလွင်တိုင်းမ်ကိုပြောသည်။

မုဒုံမြို့ပေါ်နှင့်ကျေးရွာကြီးအချို့တို့တွင် ဖွင့်လှစ်ထားရှိသည့် စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်အချို့တို့တွင် လှည်းဘီးအဟောင်းများအား မူလပုံစံမပျက်ဆေးရောင်စုံများသုတ်ကာ အလှဆင်ခြင်းများပြုလုပ်ရာမှ လူအများစိတ်ဝင်စားမှုကိုရလာပြီး ယခုအချိန်တွင် ဘုရားကျောင်းကန်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့်လူနေအိမ်များတို့တွင် လှည်းဘီးခွေဟောင်းများကို အခြေခံကာ လူ့သုံးပစ္စည်များအဖြစ် ကုလားထိုင်များ၊ စားပွဲ ငယ်များအပြင် ခြံစည်းရိုးများ၊ အပန်းဖြေနားနေရန်အဆောက်အဦးငယ်များ၊အဖြစ်ပါ အသုံးပြုလာနေကြပြီ ဖြစ်သည်။

သံတို၊သံစနှင့်အဟောင်းပစ္စည်းများလှည့်လည်လိုက်လံဝယ်ယူနေသည့်ဦးဝင်းနိင်က “အရင်တုန်းက လှည်းတွေထဲက သံတွေကိုပဲ အဓိကဝယ်ခဲ့တယ်။ လ္ဘက်ရည်ဆိုင်တစ်ဆိုင်နဲ့ချိတ်ဆက်မိပြီး လှည်းဘီးဟောင်းတွေကိုဝယ်ပေးခဲ့တယ်။ အကျိုးအမြတ်ရှိလာတာကို သိကြတော့ အချို့ကငွေပေးပြီးရွာစွန်၊ ရွာဖျားတွေထိ လူလွှတ်ပြီးဝယ်ခိုင်းလာကြတယ်။ အခုဆိုရင်ကုလားပဲဒိုင်တွေမှာ လှည်းဘီးတွေအစီအရီပဲ”ဟုဆိုသည်။

လှည်းဘီးဟောင်းအများစုသည် ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်ရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်များအတွင်းရှိ တောကျေးရွာများမှ ဝယ်ယူရရှိခြင်းဖြစ်ပြီး ယင်းကျေးရွာများ၌ လှည်းတစ်စီး လုံးကျပ်(၁၅၀၀၀)ကျပ်ဈေးနှုန်းဖြင့်ဝယ်ယူကြပြီး မြို့အရောက်လှည်းဘီးတစ်ခု(တစ်ခွေ)ကျပ်(၁၀၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ်ထိဈေးရှိနေကြောင်းလည်းသိရှိရသည်။
%e1%80%99%e1%80%af%e1%80%92%e1%80%b6%e1%80%af%e1%80%9c%e1%80%bd%e1%80%8a%e1%80%b9%e1%80%b8%e1%80%98%e1%80%ae%e1%80%b8
ယခုအခါလှည်းဘီးအဟောင်းကိုအသုံးပြုပြီး ဗိသုကာမြန်မာမှု၊ယိုးဒယားလက်မှုများပေါင်းစပ်ပြီးပြုလုပ်ထားသည်နားနေအဆောက်အဦးငယ်တစ်ခု၏ အနည်းဆုံးကုန်ကျမှုသည်ကျပ်(၅)သိန်းခန့်ကုန်ကျကြောင်း လည်း လက်သမားအတတ်ပညာရှင်များကဆိုသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.