မော်လမြိုင်၊ အောက်တိုဘာ ၂၇

နည်းပညာတက္ကသိုလ်(မော်လမြိုင်) အပါအဝင် နည်းပညာတက္ကသိုလ်ကျောင်းအားလုံး၏ စာမေးပွဲ အောင်စာရင်းများကို လာမည့် နိုဝင်ဘာလ (၆) ရက်နေ့တွင် ထုတ်ပြန်ကြေငြာရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်ကျောင်းများ၏ စာမေးပွဲများကို စက်တင်ဘာလ (၁၂) ရက်နေ့က ကျင်းပခဲ့ ခြင်းဖြစ်ပြီး အောင်စာရင်းထုတ်ပြန်မည့် ရက်ကို တက္ကသိုလ်ကျောင်းပေါင်းစုံ ဘာသာရပ်ပေါင်းစုံ ညှိနှိုင်း ဆွေးနွေးသည့် အစည်းအဝေးတွင် ကြိုတင် ဆုံးဖြတ်ပြီး အကြောင်းကြားထားပြီးဖြစ်ကြောင်းသိရသည်။

“ ၆ ရက်နေ့ အောင်စာရင်းထုတ်ပြန်ဖို့ အတွက် ပြင်ဆင်နေကြပါပြီ။ အောင်ချက်တွေကတော့ အောင်စာရင်းထွက်ပြီးမှ ကျောင်းသားတွေ ဘယ်လောက်အောင်လဲ ရှုံးလဲဆိုတာ ပြောလို့ ရပါမယ်” ဟု သန်လျင် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခဒေါက်တာ ကေသီလွင်က အောက်တိုဘာလ (၂၆) ရက်နေ့တွင် သံလွင်တိုင်းမ် သို့ ပြောကြားသည်။

နည်းပညာ တက္ကသိုလ် များ၏ အောင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာအရ တပြိုင်နက်ထဲ ထုတ်ပြန်လေ့ရှိသည့် အတွက် နည်းပညာတက္ကသိုလ်(မော်လမြိုင်) ကျောင်း၏ အောင်စာရင်းကိုလည်း ယင်းနေ့မှာပင် ထုတ်ပြန်ကြေငြာ သွားမည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ်(မော်လမြိုင် ) ကျောင်း၏ ကျောင်းအုပ်ကြီး ဒေါက်တာ မင်းဇော်အောင် က သံလွင်တိုင်းမ်သို့ပြောကြားသည်။

“ သူတို့ကျောင်းတွေက အဲ့ဒီနေ့ ထုတ်ပြန်မယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ထုတ်ပြန်ရမှာပါ။ ကျောင်းအားလုံးက တူတူပဲ ထုတ်ပြန်ရတာဆိုတော့လေ မော်လမြိုင် အောင်ချက်ကတော့ under process ဖြစ်တဲ့အတွက်ကြောင့် အောင်စာရင်းထွက်ပြီးမှပဲ ထုတ်ပြောလို့ရမယ် ” ဟု ၎င်းကပြောသည်။

နည်းပညာတက္ကသိုလ်ကျောင်းများ၏ အောင်စာရင်းထုတ်ပြန်ရက်သည် နှစ်စဉ်နှစ်တိုင်း ပြောင်းလဲမှုများ ရှိနေတတ်သည့်အတွက် အောင်စာရင်း ထုတ်ပြန်မည့်ရက် ရွှေ့ပြောင်းမည်ကို စိုးရိမ်နေရကြောင်း မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။

“ အောင်စာရင်း ခဏခဏ ရက်ပြောင်းတယ်။ အခုလည်းဘယ်လိုလာမလဲတော့မသိဘူး။ ၆ ရက်နေ့လို့ ကျောင်းအုပ်တွေက ပြောတော့လည်း အဲ့နေ့အတွက် ရင်ခုန်နေရပါတယ်” ဟု နည်းပညာတက္ကသိုလ် (မော်လမြိုင်) ကျောင်းတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဘာသာရပ်ကို စတုတ္ထနှစ် ဖြေဆိုထား သည့် ကိုသော်ဇင်ချမ်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က နည်းပညာတက္ကသိုလ်ကျောင်းများ၏ အောင်စာရင်းကို နိုဝင်ဘာလ (၁၈) ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။
%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%95%e1%80%8a%e1%80%ac%e1%80%90%e1%80%80%e1%81%a0%e1%80%9e%e1%80%af%e1%80%ad%e1%80%9c%e1%80%b9-%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%85%e1%80%ac
သတင်းနှင့် ဓာတ်ပုံ- TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.