မုဒုံ၊ စက်တင်ဘာ ၆

မုဒုံမြို့မဈေးအား အဆင့်မြင့်ဈေးသစ်ကြီးအဖြစ် ပြောင်းလဲတည်ဆောက်ရန်မသေချာသေးကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“ဈေးသူ၊ဈေးသားတွေကအသစ်ပြန်ဆောက်ဖို့ သဘောမတူရင်တော့ လက်ရှိအနေအထား အတိုင်းပဲ ထားရှိမယ်။ ပြန်ဆောက်ဖို့ ဆန္ဒရှိပြီး အများသဘောတူရင်တော့ အများဆန္ဒသဘောထား အတိုင်းပဲ အသစ်ပြန် လုပ ်တည်ဆောက်ရေးကိုစည်ပင်ကော်မတီကဆက်လက်တင်ပြဆောင်ရွက်သွားမယ်။ အခုကတော့ဈေးသူ၊ ဈေးသားတွေနဲ့ညှိနှိုင်းနေဆဲမို့ဆောက်မယ်၊မဆောက်ဘူးဆိုတာမသေချာသေးပါဘူး”မြို့နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးမှ သံလွင်တိုင်းမ်ကိုပြောသည်။

မုဒုံမြို့မဈေးတည်ရှိသည်မှာ နှစ်ကာလကြာမြင့်နေခြင်း၊ ဥပဓိရုပ်မကောင်းခြင်း၊ ပျက်စီးမှုအများအပြား ရှိနေခြင်းနှင့် ခေတ်မှီအရောင်းဆိုင်များ မြို့တွင်း၌ ပေါများလာခြင်းကြောင့် ဈေးသူဈေးသားအချို့က အသစ်ပြန် လည်တည်ဆောက်ရန် ဆန္ဒရှိနေကြခြင်းလည်းဖြစ်သည်။

ဈေးပြန်လည်တည်ဆောက်နိင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဈေးသူ/ဈေးသား များတွေ့ဆုံညှိနှိုင်းခြင်းများအား ဇူလိုင်နှောင်းပိုင်းနှင့် သြဂုတ်လ ပထမပတ်တွင် ပြုလုပ်ခဲ့ပြီး ဈေးသူဈေးသား အချို့သာတက်ရောက်လာကြသဖြင့် ဈေးသူ/ဈေးသားအားလုံး ပါဝင်သည့် တွေ့ဆုံညှိနှိုင်းမှုအား ဆက်လက် ပြုလုပ်သွားရန်စီစဉ်လျှက်ရှိကြောင်းလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးထံမှသိရှိရသည်။

မုဒုံ၊မြို့မဈေးကို (၁၉၅၂)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဈေးမြေအကျယ်အဝန်း(၁.၁၃)ဧက ပေါ်တွင် အရှေ့ဘက်(၂၃၀)ပေ၊ အနောက်ဘက်(၃၁၆)ပေ၊ တောင်ဘက်(၃၁၀)ပေ၊ မြောက်ဘက်(၃၆၂)ပေ ရှိပြီး သစ်တိုင်၊ ပျဉ်ခင်း၊ သွပ်မိုးအဆောက်အဦး အမျိုးအစားတွင်း၌ (၈)ပေ(၆)ပေ ဆိုင်ခန်း(၁၇၀)ခန်း၊ ဈေးရုံ(၇)ရုံရှိသည်ဟု မြို့နယ်စည်ပင်သာယာရေးမှတ်တမ်းတွင်ဖော်ပြထားသည်။

မုဒုံမြို့ပေါ်တွင်မြို့မဈေးအပါအဝင်ဈေးပေါင်း(၈)ခုရှိကြောင်းလည်းသိရှိရသည်
logo-osx
သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.