ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဘာတွေဆောင်ရွက်သင့်သလဲ

(မွန်ပြည်နယ်တွင် ယာဉ်အန္တရာယ်ဖြစ်ပွားမှုမှာ လစဉ်လစဉ်တွင်ရှိနေပြီး မလိုလာအပ်ပဲ အသက်အန္တရာယ် ထိခိုက်ခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းနှင့် အခြားသောစိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကြုံတွေ့နေရပါ သည်။ အဆိုပါအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်နယ်ရှိ ပြည်သူ့အချို့ထံမှ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အမြင်များကို စုစည်းဖော်ပြလိုက်ရပါသည်)

thuzarw
ဒေါ်သူဇာဝင်း၊ အရပ်သား
မြို့မ(၂)ရပ်ကွက်၊ မုဒုံမြို့
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနဲ့ပတ်သက်ပြီးလူတိုင်းလိုက်နာဖို့တော့လိုတယ်။ ဒါမှလည်းယာဉ် အန္တရာယ် ဘေးဒုက္ခမှကင်းဝေးမယ်လေ။ အခုခေတ်ကလူငယ်အများအပြားက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း နားမ လည်တာလား၊ မလိုက်နာတာလား ပြောမတတ်ဘူး။ မောင်းချင်သလို သွားချင်သလိုသွားနေကြတယ်။ ဒါက အများအတွက်အနှောင့်အယှက်ဖြစ်စေသလို မတော်လို့များယာဉ်တိုက်မှုဖြစ်လျှင် မှန်တဲ့သူအတွက် ခံလိုက်ရ သူတွေအတွက်အများကြီးနစ်နာမှုတွေဖြစ်စေတယ်။

bobohO
ကိုဗိုလ်ဗိုလ်ဟိန်းဦး၊ ဆုတောင်းပြည့်ပရဟိတလူငယ်အဖွဲ့
မုဒုံမြို့
ဒီမှာကယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနဲ့ပတ်သက်ပြီးကျောင်းတွေမှာပညာပေးဟောပြောပွဲတွေလုပ်ခဲ့တယ်။ လုပ်လည်းလုပ်ဆဲလို့ကြားနေရတယ်။ နေ့စဉ်လည်းယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက် နေတာလည်းတွေ့ ရတယ်။ ဘယ်လိုဘဲလုပ်လုပ်အဓိက ကတော့လူတိုင်းလိုက်နာမှုရှိဖို့ပဲ ယာဉ်ထိန်းရဲတွေ့တော့ စစ်တော့မှလိုက် နာမယ် မသိလို့ပါလို့ လွယ်လွယ်လေးနဲ့ပြောနေတာကိုကြားနေရတယ်။ မသိသာကနောက် ဥပဒေကရှိပြီးသား ပညာပေးတဲ့ကာလလည်းလွန်ခဲ့ပြီး ကျူးလွန်သူကထိုက်သင့်တဲ့ပြစ်ဒဏ်ကိုတော့ခံရမှာပဲ လူတွေကလည်းကိုယ် တိုင်ကြုံမှ အရေးထားမှုတွေရှိတတ်ကြတယ်

anoo
ဦးအောင်နိုင်ဝင်း ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး
ရေးမြို့
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုင်စင်လုပ်ကတည်းက ထိရောက်စွာ အသိပေးရှင်းလင်း ပညာပေးတာတွေလုပ်သင့်ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအနေနဲ့ ယာဉ်မောင်းနှင်မှုများ နေတာ တွေ့လာတာများနေတဲ့အတွက် တာဝန်ရှိသူတွေရော အုပ်ထိန်းသူတွေပါ ကြပ်မတ်ဆောင်ရွက်ပေးရ မယ်။ စည်းကမ်းမဲ့မောင်းနှင်စီးနင်းနေမှုတွေကိုလည်း ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမျိုး လုပ်ပေးနေဖို့လဲ လိုအပ်တယ်၊ ဒါမှလည်း စည်းကမ်းတကျမောင်းနှင်ပြီးတော့ ဘေးအန္တရာယ်ကင်းရှင်းစေမှာပါ။

U-tin-o
ဦးတင်ဦး ရပ်မိ/ရပ်ဖ
ရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့
ယာဉ်ကြောသိဖို့အတွက် လမ်းတိုင်းမှာ လမ်းလယ်မျဉ်းထားသင့်တယ်။ ဆိုင်ကယ်အများစုက နောက်ကြည့်မှန်မတပ်ကြဘူး၊ ဒါတွေကို ထိထိရောက်ပညာပေးပြီး အရေးယူရမယ်၊ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေစည်းကမ်းမဲ့မောင်းနှင်နေမှုတွေကို မိဘတွေရော၊ တာဝန်ရှိသူတွေရော ကြပ်မတ်ပေးဖို့လိုနေပြီ။ ပညာပေးမှုရဲ့နောက်မှာ ယာဉ်အန္တရယ်ကင်းရှင်းစေဖို့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ပွင့်လင်းမြင်သာစွာ လုပ်သင့်တယ်

U-ht
ဦးဟန်တင်၊ ရဲအရာခံအငြိမ်းစား
ဇင်းကျိုက်မြို့၊ ပေါင်
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေကအချိန်ပြည့် ပေါ့နော် အစုအဖွဲ့များများနဲ့ စည်းနဲ့ကမ်းနဲ့ယာဉ်တွေ မောင်းနှင်သွားလာကြဖို့ကြပ်မတ်ပေးသင့်တယ်၊ ဖမ်းနေတားနေစစ်နေတယ်ဆိုတဲ့အသံကြားရင် သတိထားသွား ကြမယ်။ပညာပေးအချိန်လည်းကုန်သွားပြီဆိုတော့အရေးယူတဲ့အခါမှာထိရောက်တဲ့ပြစ်ဒဏ်အပိုင်းကိုစဉ်းစားကြသင့်ပြီ၊မိဘတွေအနေနဲ့လည်းအသက်မပြည့်သေးတဲ့ကလေးတွေကိုဆိုင်ကယ်ပေးမစီးဖို့သတိထားသင့်တယ်

u-a-shw
ဦးအေးရွှေ၊ အောက်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှုး
သထုံမြို့
လိုင်စင်ထုတ်ပေးစဉ်မှာယာဉ်စည်းကမ်းလမ်းစည်းကမ်းကိုနားလည်သဘောပေါက်အောင်သင်ပေးခြင်း စာမေးပွဲစစ်ခြင်းတွေလုပ်ပြီးမှလိုင်စင်ထုတ်ပေးသင့်သည်၊လိုင်စင်မရှိပဲမောင်းသူကိုထိရောက်စွာတားမြစ်ဖို့ လိုင်စင်ရယူနိုင်ရေးကူညီပေးမှုတွေလုပ်သင့်တယ်ကျောင်းတွေမှာ၇/၈/၉တန်းတွေမှာသင်ရိုးညွှန်းတန်းနဲ့ထည့်သွင်းသင်ကြားပေးသင့်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.