နဝမအကြိမ် မွန်ပြည်သစ်ပါတီ ကွန်ဂရက်အတွက် မွန်ပြည်သူ အကြံပြုချက်များ ကွင်းဆင်းရယူနေ

“ပြည်သူတွေ ဘယ်လိုအကြံပြုမလဲဆိုတာ ရွာတွေအလိုက် ကွင်းဆင်းရယူနေပါတယ်။ ဒါ့အပြင် NCA လက်မှတ်မရေးထိုးရတဲ့ အကြောင်းအရင်းတွေ၊ စာချုပ်ပါအချက်တွေကိုလည်း ပြည်သူတွေ သိအောင် ရှင်းပြပေးနေပါတယ်”

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးမျှ အရွေးမခံရ

“မွန်ပြည်သူအနေနဲ့ ကြည့်ရင် မွန်ပါတီ (၃) ပါတီဖြစ်နေတဲ့အတွက် မွန်လူထုတွေ ဇဝေဇဝါဖြစ်ကြရတယ် မဲစာရင်းတွေ မပြည့်စုံ မရှိတဲ့လူတွေ စာရင်းပါပြီး လက်ရှိ ရှိနေတဲ့လူတွေ စာရင်းမပါတော့ မဲပေးခွင့် ဆုံးရှုံးခဲ့ရတယ် တချို့ရွာတွေက မဲလာပေးရတာဝေးတော့ လာရောက်မဲမပေးကြ စိတ်မဝင်စားကြဘူး နယ်တွေမှာ ၄၀% လောက်ဘဲ မဲဆန္ဒပြုကြတယ်”

မွန်ပြည်နယ်တွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၂ ဦး အနိုင်ရ

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီ အသီးသီးမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၁၂ ဦးအနိုင်ရခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက် ရလဒ်စာရင်းအရ သိရသည်။

မွန်တွင် NLD မှ အမတ်နေရာ ၄၀ အနိုင်ရ

မွန်ပြည်နယ်တွင် လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ် ၄၅ နေရာရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ၄၀ နေရာ၊ မွန်အမျိုးသားပါတီက ၃ နေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ၁ နေရာနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အသီးသီး အနိုင်ရသည်ဟု သက်ဆိုင်ရာ ခရိုင်နှင့် ပြည်နယ် ရွေးကောက်ပွဲတို့မှ သိရသည်။

မုဒုံမြို့နယ်တွင် မဲဆန္ဒရှင် ၃၈ ဒသမ ၂၇ ရာခိုင်နှုန်းသာ လာရောက်မဲပေး

“ဆန္ဒမဲတော့ပေးချင်ပါရဲ့ ဒါပေမဲ့ပြည်သူများ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ဖို့ မဲရုံဝန်ထမ်း လုံလုံလောက်လောက်မရှိသာရယ်၊ မဲရုံဝန်ထမ်းတွေက လုပ်ငန်းမကျွမ်းကျင်သာတွေကြောင့် အချိန်ကြန့်ကြာတယ်၊ ပြည်သူတွေကနေပူထဲမှာ အချိန်အကြာကြီး ရပ်စောင့်နေရတယ်၊ ဒါတွေဟာဆန္ဒမဲပေးမှုကို အဟန့်အတားဖြစ်စေတယ်၊ နောက်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူကလည်း စိတ်ဝင်စားမှုနည်းပါးတယ်၊ အသိပညာပေးမှုတွေလည်း မရှိသလောက် နည်းတယ်လေ” ဟု မြို့မ (၁) ရပ်ကွက်မှ ကိုငယ်လေးက ပြောသည်။

မွန်ပါတီ အားလုံးပေါင်း အမတ်နေရာ ၄ နေရာသာနိုင်

နိုဝင်ဘာလ ၈ ရက်ကကျင်းပသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ် ၄၅ နေရာရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ၄၀ နေရာ၊ မွန်အမျိုးသားပါတီက ၃ နေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၁ နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အသီးသီးအနိုင်ရသည်ဟု အထက်ပါ စာရင်းအရ…

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ မွန်အမတ် ၂ ဦး ထပ်နိုင်

အနိုင်ရရှိသည့် ၉၀ မွန်အမတ်ဟောင်း ၂ ဦးမှာ မုဒုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ပြိုင်ခဲ့သည့် ဒေါက်တာမင်းကြည်ဝင်းနှင့် ရေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ပြိုင်သည့် ဒေါက်တာမင်းစိုးလင်းတို့ ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး ရေးမြို့အတွင်း အရောင်းအဝယ်အေး

“ရွေးကောက်ပွဲမတိုင်မီ ၅ ရက်လောက်ကတည်းက အလုပ်လာအပ်တဲ့သူ ပါးသွားတာ ခုထက်ထိပဲ၊ ကျွန်တော်တို့တွေ ကိုယ်တိုင်လည်း ရင်ထဲမှာ တစ်မျိုးပါပဲ၊ အလုပ်လုပ်ချင်စိတ် မရှိဘူး၊ ရလာဒ်ကို ရင်ခုန်နေပါတယ်။ ဒါပေမယ့် ခုလို အေးအေးချမ်းချမ်း ပြီးသွားတာကတော့ ရင်အေးရပါတယ် ” ဟု စတီးလ်လုပ်ငန်း လုပ်ကိုင်သူ ကိုဆန်းက ပြောသည်။

ကရုပ္ပိကျေးရွာရှိ မဲရုံ(၂)ရုံလုံး၏ မဲရုံပရဝဏ်အတွင်း ဓါတ်ပုံရိုက်ခွင့်မပေး

သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာရှိ မဲရုံ(၂)ရုံစလုံး၏ မဲရုံပရဝဏ်အတွင်းရော၊ ပြင်ပရောတွင် အထက်၏ ညွှန်ကြားချက်အရ ဓါတ်ပုံရိုက်ခွင့် လုံးဝမပြုကြောင်း ထိုနေရာရောက်ရှိနေသည့် သံလွင်တိုင်းမ် သတင်းထောက်မှ သတင်းပေးပို့ပါသည်။

ကျိုက်ထိုမြို့နယ် ဇေယျာမွန်ရပ်ကွက် မဲရုံအမှတ်(၂) ရလဒ်

ပြည်သူ့လွှတ်တော် NLD – 551 USDP – 206 ဖြင့် NLD ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်အနိုင်ရရှိပြီး မဲရေတွက်မှု ပြီးဆုံးကြောင်း သိရသည်။