အင်တာဗျူး

မွန်၊ ကရင်၊ တနင်္သာရီဒေသမှာ စစ်ကောင်စီ ဘာတွေ ကျူးလွန်နေလဲ။

“စစ်ကောင်စီဘက်မှာလည်း ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် လုပ်ဖို့အနေအထား ရှိတယ်။ တော်လှန်ရေးဘက်ခြမ်းကလည်း ရွေးကောက်ပွဲကို သဘောမတူတဲ့ အတွက် ရအောင် ကန့်ကွက်မယ့် အနေအထားရှိတယ်။ နှစ်ဖက်တင်းကြပ်မှုကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်” – နိုင်မရော့မွန် (SBHN ပြောခွင့်ရ) မြန်မာနိုင်ငံ တောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသတခွင်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့မေလအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ…

တနင်္သာရီတိုင်းက သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ ဘာတွေ ကြုံနေရလဲ။

“စစ်ကောင်စီဘက်က မတရား ဖမ်းဆီးသတ်ဖြတ်တာတော့ ပုံမှန်အတိုင်း ရှိနေဆဲပေါ့နော်။ တစ်လကို တနင်္သာရီတိုင်းထဲမှာ အရပ်သား ၁၀ ယောက် ဝန်းကျင်ကတော့ ပုံမှန်အတိုင်း ဖမ်းဆီးသတ်ဖြတ်ခံရတာရှိတယ်” – ကိုဇော် (FE5 Thanintharyi) တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလအတွင်း တိုက်ပွဲနဲ့ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၈၀၈၀၀ ကျော်အထိရှိလာတယ်လို့ FE5 Thanintharyi က…

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘယ်လို အခက်အခဲတွေ ကြုံနေရလဲ။

“လက်ရှိ ထိုင်းနိုင်ငံမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေကတော့ ဘယ်တုန်းကမှမကြုံဖူးတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာလို့ ပြောရင် မမှားဘူးခင်ဗျ” – ဦးအောင်ကျော် (LRF ပြောခွင့်ရ) ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာပြင်းထန်မှုကစလို့ ထိုင်းနိုင်ငံရေး ရှုပ်ထွေးမှုတွေက လက်ရှိအနေအထားမှာ ပိုဆိုးလာနေပါတယ်။ အဲဒီရိုက်ခတ်မှုဒဏ်ကို ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်ခံစားနေရပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် Work Permit နဲ့ ဗီဇာသက်တမ်းတိုးကိစ္စတွေကလည်း အစိုးရမူဝါဒ အပြောင်းအလဲတွေကြောင့်…

ထိုင်း-မြန်မာနယ်စပ်က သိန်းနဲ့ချီတဲ့ စစ်ရှောင်တွေ ဘာအခက်အခဲတွေ ကြုံနေရလဲ။

“တချို့ နေရာတွေဆို ဆေးရုံဆေးခန်း မရှိသေးလို့ အသက်ဆုံးရှုံးရတာတွေ ရှိနေပါသေးတယ်။ ရောဂါအခံရှိသူတွေ နာတာရှည်ရောဂါရှိသူတွေလည်း အခက်အခဲရှိတယ်လို့ ကြားသိရပါတယ်။” – နော်ချယ်ရီ (KPSN ပြောခွင့်ရ) မေလ ၇ ရက်နေ့ ရက်စွဲနဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN အပါအဝင် ကရင်အရပ်ဖက် အဖွဲ့ ၂၀ က ထိုင်း-မြန်မာနယ်စပ်မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ တစ်သိန်းရှစ်ထောင်အထိ ရှိလာပြီး…

အိုးထိန်းတွင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု ဘယ်လိုဖြစ်ခဲ့တာလဲ။

“ခါတိုင်းကတော့ အားလုံးက သတိထားနေကြတာပဲ။ ဒီကနေ့ကျမှ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတာ။ ဒီစာသင်ကျောင်းကိုပဲ အတိအကျ တပတ်ပတ်ပြီး သေချာချိန်ပြီးတော့ ကြဲသွားတာ” – ဒီပဲယင်းဒေသခံတစ်ဦး စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၂ ဦးအထိ ရှိလာပါတယ်။ သေဆုံးသူတွေထဲမှာ ကျောင်းသား/ကျောင်းသူ…

အပစ်ရပ် ၇ ဖွဲ့ရဲ့ စတုတ္ထအကြိမ် အစည်းအဝေး ဘာထူးလဲ။

“အကြပ်အတည်းတွေ ကျော်လွှားဖို့အတွက် မရှိမဖြစ် ပါသင့်ပါထိုက်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ပါရမယ်ဆိုတာက အတိအလင်း နားလည်ထားတယ်။ သက်ဆိုင်သမျှ အားလုံးကနေပြီးတော့ ဒါတော်တော်လေး ကျယ်ပြန့်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းစဉ်ပေါ့။ ” ဗိုလ်မှူးကြီး စောကျော်ညွန့် အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးကို စတုတ္ထကြိမ်အဖြစ် ဧပြီ ၂၉ ရက်နဲ့…

ကော့ကရိတ်-ကျုံဒိုး စစ်ဘေးရှောင်တွေ ဘာတွေကြုံနေရလဲ။

“အခုကတည်းက ဒီ IDP တွေက တစ်သိန်းစွန်းစွန်းဖြစ်နေပြီ။ ကျန်တဲ့ ကျုံဒိုးတို့ ကော့ကရိတ် ပတ်ဝန်းကျင် အနောက်ဘက် မွန်နယ်စပ်နဲ့ တောင်ဘက် ကြာအင်းဆိပ်ကြီးတို့ ကျိုက်ဒုံတို့ဘက်ကို စစ်မီးထပ်ကူးဖို့ တော်တော်လေးကို အခြေအနေ များနေတယ်” – နိုင်အဲမွန် HURFOM ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးရှိ ကျေးရွာတွေကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီက…

မွန်နဲ့ တနင်္သာရီအစပ်က လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးမဟာမိတ်ပူးပေါင်းမှု လားရာ

“နယ်မြေစိုးမိုးရေးနဲ့ ထိန်းချုပ်ရေးကိုတော့ လောလောဆယ်မှာတော့ လုပ်ဖို့မရှိသေးဘူးဆိုတာ ပြောချင်တယ်။ ပြည်သူတွေရဲ လုံခြုံရေးနဲ့ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ဖို့အတွက် ရံဖန်ရံခါ ကျွန်တော်တို့ စစ်ဆေးရေးတွေ ထိန်းချုပ်ရေး တနည်းတဖုံပေါ့။ လုပ်ဆောင်မှုတွေကတော့ အဆင်ပြေရင် ပြေသလို ဆောင်ရွက်သွားမှာ ဖြစ်တယ်” – နိုင်နဂါး (MSRF) မွန်နဲ့ တနင်္သာရီအစပ်မှာ လှုပ်ရှားနေကြတဲ့ ဒေါနစစ်ကြောင်း (၃) နဲ့ မွန်၊ ကရင်၊…

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသူ/သားတွေ ဘာတွေ ကြုံနေရလဲ။

“လက်ရှိမှာဆိုရင် အပ်တိုတစ်ချောင်းတောင် ကိုယ်တွယ်ခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေဟာ လက်ရှိမှာ သဘာဝဘေးအန္တရာယ်ကိုလည်း စိုးရိမ်နေရသလို စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုတွေနဲ့ ထောင်ပြောင်းပို့မယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကို ခြိမ်းခြောက်နေတာလည်း ကျွန်မတို့အနေနဲ့ ကြားသိရတယ်” – မဇူးဇူးမေယွန်း (WOPP) စစ်ကောင်စီက ဧပြီလ ၁၇ ရက်မှာ နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး ပြန်လွတ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကျဉ်းထောင်…

ကော့ကရိတ်-ကျုံဒိုးဝန်းကျင် ဘာတွေ ဖြစ်နေလဲ။

“အခုက ဒီနှစ်က တော်တော်လေးကို ကင်းထောက်လာတာပေါ့နော်။ သုံးဆ တစ်ဆတောင် ကွာတယ်။ ဒီနှစ်က လေယာဉ်ဗုံးလာကြဲတာ မနည်းဘူးလေ။ ပြီးခဲ့တဲ့နှစ်ကဆို လေယာဉ် အဲဒီလောက် မကြဲဘူး။ ဒီနှစ်က တော်တော်လေး လာကြဲတယ်” – ကရင်အရပ်ဖက်အဖွဲ့အစည်း တာဝန်ခံ ဧပြီလကုန်အထိ အပစ်ရပ် သက်တမ်းထပ်တိုးထားပေမယ့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။…