ရေးမြို့နယ် NLD ၏ မျှဝေခြင်းအစီအစဉ်အရ သက်ဆိုင်ရာကျောင်းများအရောက် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်းမှု ပြုလုပ်လျက်ရှိ
ရေး ၊ ဇွန် ၂၈ လိုအပ်သည့် ကျောင်းသားကျောင်းသူများအား ပံ့ပိုးကူညီထောက်ပံ့လှူဒါန်းမည့် ရေးမြို့နယ် NLD ၏မျှဝေခြင်းအစီအစဉ်အရ ယခုလ တတိယပတ်မှစတင်ကာ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရေးမြို့နယ်NLD တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။
