သတင်း

မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ

ရေး ၊ ဒီဇင်ဘာ ၁၉ နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့ဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် ပူးတွဲစစ်ရေးလှုပ်ရှားဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒီက နေ့ မနက်ပိုင်းမှာ ပူးတွဲကြေညာပါတယ်။ မွန်တော်လှန်‌ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်အမျိုးသား လွတ် မြောက်ရေးတပ်မတော် MNLA AD ၊ မွန်ပြည် ကာကွယ်ရေးတပ် MSDF နဲ့…

စစ်အာဏာသိမ်း (၁၄၁၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၆၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၉ AAPP ရဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၁၇) ရက်အတွင်း ပြည်သူ (၆၀၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၉၂၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းမှု ရုပ်ပျက်ဆင်းပျက်ဖြစ်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၉ မြေပြင်တိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေ ပိုမိုဆိုးရွားစွာရင်ဆိုင်နေရတဲ့ စစ်ကောင်စီကအင်အားပြုန်း တီးမှုတွေကို ပြန်လည်ဖြည့်တင်းဖို့ လူငယ်တွေကို ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းပြီး စစ်မှု ထမ်းခိုင်းဖို့ ကြိုးပမ်းလာနေပါတယ်။ အခုရက်ပိုင်းအတွင်း ရန်ကုန်နဲ့ မန္တလေးတို့လို ပြည်မအခြေစိုက်မြို့ကြီးတွေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို စစ်ကောင်စီက စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှိနေတယ်လို့…

မာနယ်ပလောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ခြောက်ဦးအရှင်ဖမ်းမိ

ဘားအံ၊ ဒီဇင်ဘာ ၁၉ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလောဒေသရှိ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၉၁၃(နို့ဒေး)စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ် ရင်းမှူးတစ်ဦးအပါအဝင် ခြောက်ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ KNU ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေ မာနယ်ပလောဒေသထဲမှာ နှစ်ပေါင်း ၃၀ နီးပါးအကြာ အ ခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ပွိုင့်…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း စစ်ဘေးရှောင် ၆၈၀၀၀ ကျော်အထိတိုးလာ

တနင်္သာရီ၊ ဒီဇင်ဘာ ၁၉ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နေရပ်စွန့်ခွာထွက် ပြေး တိမ်းရှောင်ခဲ့ရသူ ၆၈၀၀၀ ကျော်အထိရှိတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ကျေးရွာတွေကို ရက်ရှည်စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေအပြင် နေအိမ်မီးရှို့မှု၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့်…

ကျိုက်ထိုမှာ စားသောက်ကုန်သယ်ယူခွင့် စစ်ကောင်စီကန့်သတ်

ကျိုက်ထို၊ ဒီဇင်ဘာ ၁၉ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ကနေ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်ထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေထံ စားသောက်ကုန်သယ်ယူခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး သိမ်ဇရပ်မြို့ကနေ ရေကျော်၊ သုံးခွ၊ ဝင်းကံ၊ ဇီးပြောင်းကျေးရွာတွေအပါအဝင် အတွင်းပိုင်းကျေးရွာတွေထံ စားသောက်ကုန်သယ်ယူခွင့်ကို စစ်…

စစ်ကောင်စီ စစ်ကြောင်းကြောင့် စလင်းမြို့နယ်က လူဦးရေ ၆၀၀၀ နီးပါး စစ်ဘေးရှောင်နေရ

မကွေး ဒီဇင်ဘာ ၁၈ မကွေးတိုင်း စလင်းမြို့နယ် ကျေးရွာ ၈ ရွာက လူဦးရေ ၆၀၀၀ နီးပါးဟာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဆိပ်​ဖြူမြို့ဘက်ကလာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် စမ်းက​လေး၊ ဒီးဒုတ်ပင်အပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံတွေ စစ်ဘေးရှောင်နေရတာပါ။ “ဆိပ်ဖြူကနေလာတဲ့ စ​စ်ကြောင်း ဆီဆွဲလမ်းခွဲ​ကနေဝင်လာတာ။ပထမနေ့လမ်းကြောင်းမှာ မိုင်းဆွဲခံရတယ်။…

ထရန့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ကနေဒါက နယ်စပ်ဥပဒေအသစ် ပြဌာန်း

အိုတာဝါ၊ ဒီဇင်ဘာ ၁၈ စောင့်ကြည့် ထောက်လှမ်းမှု အားကောင်းစေရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ပစ်မှတ်ထား တိုက်ဖျက်ရေး ပူးပေါင်းတပ်ဖွဲ့ အပါအဝင် ကနေဒါအစိုးရက အမေရိကန်-ကနေဒါ နယ်စပ်တစ်လျှောက် လုံခြုံရေး အစီအစဉ်အသစ် တော်တော်များများကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါး ဝင်ရောက်မှု တားဆီးရေး နှစ်နိုင်ငံနယ်စပ်ကို လုံခြုံအောင် မလုပ်ဘူးဆိုရင် ကနေဒါကနေ တင်ပို့တဲ့…

အင်ဒိုနီးရှား ဗဟိုဘဏ်ရုံးကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ စီးနင်းရှာဖွေ

ဂျာကာတာ၊ ဒီဇင်ဘာ ၁၈ လုပ်ငန်းစု လူမှုရေး တာဝန်စီမံကိန်းကို လွဲမှားစွာ ကိုင်တွယ်မှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ဆက်စပ်ပြီး ဂျကာတာမြို့မှာရှိတဲ့ အင်ဒိုနီးရှား ဗဟိုဘဏ်ရုံးချုပ်ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက ဒီဇင်ဘာ ၁၆ ရက်မှာ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ပယ်ရီ ဝါဂျီယိုရဲ့ ရုံးလည်း စီးနင်းခံရတဲ့အထဲ…

နှစ်ပတ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၄၃ ဦးသေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၁၈ နိုင်ငံတဝန်းမှာ အခုလနှစ်ပတ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၄၃ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၁၉ ဦးနဲ့ အမျိုးသား ၂၄ ဦး…