ချောင်းဆုံမြို့နယ်မှာ တောင်မြေပြိုတာကြောင့် လူနေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံးတွေ ထိခိုက်ပျက်စီး
ချောင်းဆုံ ၊ ဩဂုတ် ၁၇ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကဒါနဲ့ကလော့ကျေးရွာမှာ ဩဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းက တောင်မြေပြိုတာကြောင့် လူနေအိမ် (၆)လုံးနဲ့ အုပ်ချုပ်ရေးမှူးရုံး (၁)ရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ ကဒါကျေးရွာမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်မြေပြိုကျတဲ့အတွက် နေအိမ် (၂)လုံး ထိခိုက် ပျက်စီး သွားသလို တောင်မြေတွေ…