စစ်အာဏာသိမ်း (၆၃၄) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၉၈ ဦး အထိရှိလာ
မော်လမြိုင်၊ အောက်တိုဘာ (၂၈) AAPP ရဲ့ အောက်တိုဘာလ (၂၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၃၄)ရက်အတွင်း ပြည်သူ (၂၃၉၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၉၈၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…
