သတင်း

အရှေ့တောင်အာရှမှာ ကိုဗစ်ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာ

ကွာလာလမ်ပူ၊ မေ(၄) ကိုဗစ် 19 ရောဂါဖြစ်စဉ်တွေ မြင့်တက်လာမှုအခြေအနေဟာ မလေးရှားနိုင်ငံရှိ လူဦးရေထူထပ်တဲ့ ဆေးရုံတွေကို ခြိမ်းခြောက်နေပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကုသရေး အဆောင်တွေကို ပြန်လည်ဖွင့် လှစ်နေပြီ ဖြစ်တာကြောင့် အရှေ့တောင်အာရှမှာ ကူးစက်မှုမြင့်တက်လာနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီလ ၂၉ ရက်နေ့အထိ မလေးရှားနိုင်ငံအတွင်းရှိ အစိုးရဆေးရုံတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ လူပြည့်လူလျှံ ဖြစ်နေ လျှက်ရှိပြီး ဆေးကုသရေးအပေါ်…

ကျူးကျော်စစ်အတွက် တရားမျှတမှုနဲ့ ရင်ဆိုင်ရမယ်လို့ ပူတင်ကို ယူကရိန်းသမ္မတ သတိပေး

သည်ဟိတ် – မေ(၅) ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းကျူးကျော်စစ်အတွက် တရားမျှတမှုနဲ့ ရင်ဆိုင်ရ မယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC) အခြေစိုက်တဲ့ The Hague ကိုရောက်ရှိချိန်မှာသတိပေးခဲ့ပါတယ်။ ယူကရိန်းကလေးငယ်တွေကို ပြည်နှင်ဒဏ်ပေးခဲ့တာနဲ့ပတ်သက်ပြီး ICC တရားရုံးက ပူတင်ကို ဖမ်းဝရမ်းထုတ်ထားပြီး ဥရောပကော်မရှင်ကလည်း ရုရှားက ယူကရိန်းမှာ ရန်စမှုကျူးလွန်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဗဟိုဌာနကို…

စစ်ကောင်စီရဲ့ ရိုဟင်ဂျာပြည်တော်ပြန်ရေး အစီအမံ ကိုယ်စားလှယ်အဖွဲ့သွားရောက်ကြည့်ရှုမယ်

ရိုဟင်ဂျာလူမျိုးတွေ သူတို့ရဲ့နေရပ်ပြန်နိုင်ဖို့အတွက် ရပ်ဆိုင်းထားတဲ့ အစီအစဉ်ကို ပြန်လည် အသက်သွင်းတဲ့ ကြိုးစားမှု အစိတ်အပိုင်းအနေနဲ့ရိုဟင်ဂျာ ကိုယ်စားလှယ်အဖွဲ့က လာမယ့် မေလ (၅) ရက်နေ့မှာ သွားရောက်ဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ အကြိမ်းဖက်ဖြိုခွင့်မှုကြောင့် ရိုဟင်ဂျာလူမျိုး တစ်သန်း ကျော်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားရပြီး ကုလသမဂ္ဂက လူမျိုးတုံး သတ်ဖြတ်မှုအဖြစ်…

လူသတ်မှုကျူးလွန်ခဲ့တဲ့ တရုတ်လူမျိုး (၄) ဦးကို MNDAA သေဒဏ်ချမှတ်

လားရှိုး – မေ(၄) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ လူ(၉) ဦးကို သတ်ဖြတ်မှုအပါအဝင် ရာဇဝတ်မှုပေါင်း များစွာ ကျူးလွန်ခဲ့တဲ့ တရုတ်လူမျိုး(၄) ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့က သေဒဏ်ချမှတ်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။ သူတို့တွေဟာ လုယက်မှု၊ပြန်ပေးဆွဲမှု၊လူသတ်မှု စတဲ့ အမှုပေါင်း (၂၅) မှုကို ကျူးလွန်ခဲ့ကြပြီး အသတ်ခံခဲ့ရသူတွေဟာ ကျား(၇) ဦး၊မ(၂)ဦး…

လူငယ်(၇)ဦးကို သတ်ဖြတ်ခဲ့တဲ့ ချောင်းဦးကာကွယ်ရေးအဖွဲ့ဝင်တချို့ကို အရေးယူထားတဲ့ အခြေအနေကို NUG ထုတ်ပြန်

ချောင်းဦး – မေ(၄) စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့က လူငယ်(၇) ဦး ကို စစ်ကောင်စီသတင်းပေဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခဲ့တဲ့အတွက် အရေးယူဆောင်ရွက်နေတဲ့ အခြေအနေတွေကို NUG ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ(၃၀) ရက်နေ့က ချောင်းဦးမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကလေး သူငယ်(၅)ဦးအပါအဝင် လူငယ်(၇) ဦးကို စစ်ကောင်စီသတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ် ခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အဲဒီနေ့မှာပဲ…

ထားဝယ်မှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးဒဏ်ရာရ

ထားဝယ်၊ မေ(၄) တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကဒွန်းရှောင်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်က ဇဟာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအ မြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ကဒွန်းရှောင်ရွာဘက်ကို လက်နက်ကြီး ၂…

စစ်အာဏာသိမ်း (၈၂၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၅၉ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၄) AAPP ရဲ့ မေ(၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၂၂)ရက်အတွင်း ပြည်သူ (၃၄၅၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၈၅၀ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၀၀၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်တည်ငြိမ်ရေး တရုတ်ကြားဝင်ကြိုးပမ်းတာလို့ အကဲခတ်တွေပြေ

ာရန်ကုန်၊ မေ(၄) ပြည်တွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေ အကာကွယ်ပေးရေးအပါအဝင် ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ တရုတ်အနေနဲ့ မြန်မာနိုင်ငံ တည် ငြိမ်ရေးအတွက် ဝင်ရောက်စေ့စပ်ကြိုးပမ်းတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်သူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နဲ့ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနဲ့ ဧပြီ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေ…