သတင်း

ကော့သောင်းပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းကို ဒေသခံရာနဲ့ချီ ထွက်ပြေးနေရ

ကော့သောင်း၊ ဧပြီ(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာမှာ စစ်ကောင်စီသြဇာခံပြည်သူ့စစ်အဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်ဘက်ခြမ်းကို ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ တနင်္သာရီ(ပကဖ)တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက ဆိပ်ဖူးကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင်ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်တို့ကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က နေအိမ်မှာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ အဲဒီပစ်ခတ်မှုမှာ…

မွန်ပြည်နယ်မှာ အကျဉ်းသား ၂၀၀ ကျော်ပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသား မပါ

မော်လမြိုင်၊ ဧပြီ(၁၈) မွန်ပြည်နယ်မှာ စစ်ကောင်စီက မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ် ထောင်နဲ့ အကျဉ်းစခန်း အသီးသီးကနေ အကျဉ်းသူ၊ အကျဉ်းသား ၂၂၀ ကျော် ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား ပါဝင်မှုမရှိဘူးလို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။ စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်အပါအဝင် အကျဉ်းစခန်း ၁၁ ခုကနေ အကျဉ်းသား ၂၀၂…

သင်္ကြန်ကာလ ရေကစားမဏ္ဍပ်တွေမှာ ဗုံးပေါက်ကွဲမှုကြောင့် လူဒါဇင်ကျော်သေဆုံး

မော်လမြိုင်၊ ဧပြီ(၁၈) စစ်တပ်အာဏာသိမ်းမှုအောက်က မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်း စစ်ကောင် စီကြီးမှူးတဲ့ သင်္ကြန်မဏ္ဍပ်တွေနဲ့ အနီးအနားတွေမှာ ဗုံးပေါက်ကွဲမှုကြောင့် လူဒါဇင်ကျော် သေဆုံးခဲ့ရတယ်လို့ သံလွင်တိုင်းမ်က စိစစ်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ သက်ဆိုင်ရာ ဒေသအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြချက်နဲ့ စစ်ကောင်စီက ထုတ်ပြန်ချက်တွေကို ကိုးကားပြီး သံလွင်တိုင်းမ်အနေနဲ့ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်ကစပြီး အတက်နေ့ ဧပြီ ၁၆…

သိမ်ဆိပ်ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်

သထုံ၊ ဧပြီ(၁၈)မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ သိမ်ဆိပ်ရဲစခန်းကို ဧပြီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ရဲတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးကျော် နေထိုင်တဲ့ သိမ်ဆိပ်ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

ပူတင်ရဲ့ပြိုင်ဘက် ဗလာဒီမာကာရာမာဇာကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၂၅ နှစ်ချမှတ်

မော်စကို၊ ဧပြီ(၁၈) ယူကရိန်းစစ်ပွဲကို ပြစ်တင်ဝေဖန်မှုနဲ့ ရုရှားနိုင်ငံက ထင်ရှားတဲ့ ဗလာဒီမာပူတင်ရဲ့ပြိုင်ဘက်ကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ရုရှား-ဗြိတိသျှ သတင်းထောက်ဟောင်းလည်းဖြစ်၊ ထင်ရှားတဲ့အတိုက်အခံ တက်ကြွလှုပ်ရှားသူလည်း​​ဖြစ်တဲ့ ဗလာဒီမာ ကာရာမာဇာ ဂျူနီယာဟာ ကရင်မလင်နန်းတော်အတွင်း အဆိပ်ခတ်မှု နှစ်ကြိမ်မှ လွတ်မြောက်လာခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ဖမ်းဆီးခံခဲ့ရပြီးကတည်းက အကျဉ်းထောင်တွေမှာ နေခဲ့ရတာဖြစ်ပါတယ်။ သူဟာ စွဲချက်တွေကို…

ပြင်သစ်သမ္မတရဲ့ မှတ်ချက်ကြောင့် G-7 သံတမန်တွေကြား စည်းလုံးညီညွတ်ဖို့ ကြိုးပမ်းနေရ

တိုကျို – ဧပြီ(၁၈) ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ G-7 ထိပ်တန်းသံကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာ ပြင်သစ် သမ္မတ မာခရွန်ရဲ့ ဝိဝါဒကွဲပြားစရာ မှတ်ချက်ထွက်ပေါ်လာပြီးနောက် တရုတ်အရေးနဲ့ ပတ်သက်ပြီး အဖွဲ့အတွင်း စည်းလုံးညီညွတ်ဖို့ ကြိုးပမ်းနေရတယ်လို့ သိရပါတယ်။ ပြင်သစ်သမ္မတရဲ့ ဘေဂျင်းခရီးစဉ်အပြီး ပြောဆိုချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လှုပ်လှုပ် ခတ်ခတ်အခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် G-7 နိုင်ငံခြားရေးဝန်ကြီးတွေကြား နည်းလမ်းရှာဖွေနေရပြီး ကိုယ့်ပြဿနာမဟုတ်တဲ့…

တရုတ်စစ်ရေးလေ့ကျင့်မှုပြီးနောက် အမေရိကန်စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး ရွက်လွှင့်ခဲ့

တိုင်ပေ – ဧပြီ(၁၈) တရုတ်က ထိုင်ဝမ်ကျွန်းတဝိုက်မှု သူတို့ရဲ့ နောက်ဆုံး စစ်ရေးလေ့ကျင့်မှုတွေကို အဆုံးသတ်ပြီး ရက်ပိုင်းအကြာမှာ အမေရိကန် စစ်သင်္ဘော USS Milius ဟာ ဧပြီလ (၁၆) ရက်နေ့က ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော် ရွက်လွှင့်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နက်ဖြစ်သတ်မှတ်ထားတဲ့ တရုတ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်းအနီး တစ်ဝိုက်မှာ…

လွိုင်ကော်အရှေ့ခြမ်းကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲလို့ ဆေးပေးခန်းပျက်စီး

လွိုင်ကော် – ဧပြီ(၁၇) ကယားပြည်နယ်၊ လွိုင်ကော်အရှေ့ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ စစ်ဘေးရှောင်ဆေးခန်းတစ်ခု လုံးဝပျက်စီးသွားခဲ့တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ကပြောပါတယ်။ ဒီနေ့ ဧပြီလ(၁၇) ရက်နေ့ မနက်(၂) နာရီလောက်မှာ ဗုံး(၄)လုံးကြဲချခဲ့တာဖြစ်ပြီး (၃) လုံးပေါက်ကွဲ ခဲ့ပေမယ့် (၁)လုံးက မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။ စစ်ကောင်စီဗုံးကြဲခဲ့တာဟာ စစ်ရှောင်စခန်းကိုဖြစ်နိုင်ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့…