စစ်ကောင်စီလက်ထက် အခန်းကဏ္ဍပျောက်ဆုံးသွားတဲ့ နိုင်ငံရေးပါတီတွေ
ရန်ကုန်၊ ဇွန်(၂၃) နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ ပြန်လည်မှတ်ပုံ တင်ထားပေမယ့် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍမှေးမှိန်ပျောက်ဆုံးသွားပြီလို့ ဝါရင့်နိုင်ငံရေးသမားတွေနဲ့ သုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မဲစာရင်းမှားယွင်းမှု စွပ်စွဲချက်နဲ့ နိုင်ငံတော်အာဏာအရပ်ရပ်ကို သိမ်းယူထားတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်ဆိုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေပြဌာန်းပြီး…
