ကင်မွန်းချောင်းရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးနေ
ကျိုက်ထို၊ ဇွန်(၂၅) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်းက စ ခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ စခန်းမှူးရဲအုပ်ဇော်မင်းအောင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ဇွန် ၂၂ ရက်နေ့ကတည်းက စခန်းကနေ ပျောက်ဆုံးသွားတာဖြစ်ပြီး လုံးဝအဆက်အသွယ်မရဘူးလို့ သိရပါတယ်။ သူတို့ ၄ ဦးဟာ…
