နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း မဟုတ်ဟု ဦးကိုကိုကြီး ပြော
မော်လမြိုင်၊ မတ် ၂၅ နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး နိုင်ငံရေးက ကုန်ထုတ်လုပ်ငန်း မဟုတ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးကိုကိုကြီးက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်တွင် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ (မွန်ပြည်နယ်)ရုံး ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။ “နိုင်ငံရေးကို ရိုးရိုးရှင်းရှင်းလေ အဓိပ္ပါယ်ဖွင့်ရင် နိုင်ငံရေးဆိုတာ ဝန်ဆောင်မှုပေးတာပါပဲ။ တကယ်တော့ နိုင်ငံရေးက ကုန်ထုတ်လုပ်ငန်းမဟုတ်ဘူး။…
