Thanlwintimes

စစ်အာဏာသိမ်း (၆၂၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၃၇၆ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၂၁) AAPP ရဲ့ အောက်တိုဘာလ (၂၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၂၇)ရက်အတွင်း ပြည်သူ (၂၃၇၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၉၀၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၇၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

KNU တပ်မဟာ(၆)မှာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူ တစ်သိန်းနီးပါးအထိ ရှိလာ

မြဝတီ၊ အောက်တိုဘာ (၂၁) ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင် စီတပ်က စစ်ကြောင်းထိုးစစ်ရေးဝင်ရောက်လှုပ်ရှားပြီး လူ့အခွင့်အရေးချိုးဖောက်လုပ်ဆောင်မှုတွေကြောင့် ခရိုင်တစ်ခုလုံးအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့သူဦးရေ တစ်သိန်း နီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ KNU ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်ရဲ့ တောင်ဘက်ခြမ်း လေးကေကော် ဖလူး တောင်နီဒေသ၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ…

အာဏာသိမ်းပြီးနောက် အမျိုးသမီးငယ်တွေ လူကုန်ကူးဖို့ အဓိက ပစ်မှတ်ဖြစ်လာ

ရန်ကုန်၊ အောက်တိုဘာ(၂၁) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးလာတဲ့အချိန် ပွဲစားတွေက မြန်မာ အမျိုးသမီးငယ်တွေကို လူကုန်ကူးဖို့ အဓိက ပစ်မှတ်ထား လုပ်ဆောင်လာတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက သတိပေးလိုက်ပါတယ်။ ပွဲစားတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသမီးငယ်တွေကို လူမှုကွန်ရက်တွေကနေ မက် လုံးပေးဆွဲဆောင်မှု နည်းလမ်းအသစ်တွေနဲ့ လူကုန်ကူးဖို့အတွက် အဓိက ပစ်မှတ်ထား လုပ်ဆောင်လာတာ…

ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည် ၁၆,၀၀၀ ကျော် ထပ်တိုးလာ

စစ်တွေ၊ အောက်တိုဘာ (၂၁) ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရနေတဲ့ စစ်ရှောင်ဒုက္ခသည် ၁၆,၀၀၀ ကျော် ထပ်တိုးလာတယ်လို့ UNOCHA က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက်အရ အရင်ရှိပြီးသား…

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

ကျိုက်ထို၊ အောက်တိုဘာ(၂၁) နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လာတယ်လို့ KNU သထုံခရိုင် ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံ နေအိမ် ၅…

ဒီပဲယင်းမြို့နယ် ဗမာ့လွတ်မြောက်ရေးတပ်မတော်-ဒီပဲယင်း(BIA)တပ်ဖွဲ့ ကျန်းမာရေးတာဝန်ခံ ဒေါက်တာနှင်းဆီနဲ့ ဆက်သွယ်မေးမြန်းချက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာရှိ စာသင်းကျောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကျုးလွန်ခဲ့သလို ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပဲယင်းမြို့နယ်ထဲက ဒေသခံတွေဟာ လက်ရှိမှာ ဘယ်လို အခက်အခဲတွေကို ဆက်လက်ရင်ဆိုင်နေရလဲ။ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာရော ဘယ်လို ပြဿနာ ဖြစ်ပေါ်နေလဲ။ လက်ရှိမှာရော သူတို့ဒေသအတွင်းမှာ ဘယ်လို…

အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ AA တပ်ဖွဲ့ဝင်(၂) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်(၂၀) ချမှတ်

ဘူးသီးတောင် – အောက်တိုဘာ(၂၀) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာအုပ်စုက အသက်(၃၀) အရွယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင်(၂) ဦးက လက်နက်အားကိုးနဲ့ အဓမ္မပြုကျင့် ခဲ့တဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က သတင်း ထုတ်ပြန်ထားပါတယ်။ အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ရဲဘော်အဆင့်ရှိသူနှစ်ဦးကို ထောင်ဒဏ် အပြင် ကြိမ်ဒဏ်ကြီး အချက်(၃၀) ကိုပါ ချမှတ်ကာ…

ထောင်တွင်းကနေရုံးထုတ်စစ်ဆေးရမယ့် အမှုတွေကို စစ်ကောင်စီရက်အကန့်အသတ်မရှိပိတ်ပင်

ရန်ကုန် – အောက်တိုဘာ(၂၀) ရန်ကုန်တိုင်း အင်စိန်အကျဉ်းထောင်ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ထောင်တွင်း အထူးတရားရုံးနဲ့ ပြင်ပ တရားရုံးတွေမှာ စစ်ဆေးရမယ့် အမှုတွေကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တယ်လို့ တရားရေး အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြင်ပ တရားရုံးတွေမှာ စစ်ဆေးနေတဲ့ တရားမမှုတွေနဲ့ အာမခံရရှိထားတဲ့ အမှုတွေကိုတော့ ပုံမှန် အတိုင်းဆက်လက်စစ်ဆေးမှာ ဖြစ်ပြီး ထောင်တွင်းဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကိုသာ ထောင်ပြင်ထုတ်ပြီး စစ်ဆေးရမယ့် အမှုတွေကို…

မန်ယူအသင်း စပါးအသင်းကို ၂ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရ

မော်လမြိုင်၊ အောက်တိုဘာ (၂၀) မန်ယူအသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁) မှာ ဧည့်သည် စပါးအသင်းကို အိမ်ကွင်း အိုထရက်ဖို့ဒ်မှာ ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်း နည်းပြ တန်ဟက်ဂ်ဟာ ဒီပွဲမှာ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ပွဲထွက်စာရင်းမှာ ချန်လှပ်ခဲ့တာပြီး ဘရူနိုဖာနန်ဒက်စ်၊ ရပ်ဖို့ဒ်၊…