Thanlwintimes

စစ်ပွဲအဆုံးသတ်ရေး အီရန်ရဲ့ အဆိုပြုချက်ကို အမေရိကန် တရားဝင် တုံ့ပြန်

တီဟီရန် စက်တင်ဘာ ၃၀ အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အီရန်ဘက်က တင်ပြထားတဲ့ အဆိုပြုချက်အပေါ် အမေရိကန်ရဲ့ တရားဝင် တုံ့ပြန်ချက်ကို လက်ခံရရှိပြီလို့ အီရန်အစိုးရက စက်တင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရက်ချီက အမေရိကန်ရဲ့ တုံ့ပြန်ချက်ကို သမ္မတ မာဆောက် ပီဇက်ခီယန်ထံ တင်ပြခဲ့ပေမယ့် အသေးစိတ်အကြောင်းအရာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။ ခုနစ်လခန့် ကြာမြင့်လာပြီဖြစ်တဲ့ ပဋိပက္ခကို…

ကာလင်နင်ဂရတ်ဒေသကို ပိတ်ဆို့ဖို့ကြိုးပမ်းရင် နျူကလီးယားနဲ့ တုံ့ပြန်မယ်လို့ ရုရှားက NATO ကို သတိပေး

မော်စကို စက်တင်ဘာ ၃၀ ဘောလ်တစ်ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေချိန် ရုရှားပိုင် ကာလင်နင်ဂရတ် ဒေသကို ကျန်ရုရှားဒေသတွေနဲ့ အဆက်အသွယ်ပြတ်တောက်အောင် NATO အဖွဲ့ဝင်နိုင်ငံတွေက ကြိုးပမ်းလာရင် နျူကလီးယားလက်နက်အပါအဝင် လက်နက်အင်အားအားလုံး အသုံးပြု တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ရုရှားက NATO ကို သတိပေးလိုက်ပါတယ်။ ရုရှားက NATO ဆီ ပေးပို့ခဲ့တဲ့ အလွတ်သဘော သံတမန်ရေးစာတမ်းတစ်စောင်မှာ NATO…

ပိုင်းလော့နှစ်ဦး ရန်ဖြစ်လို့ အစ္စရေးသွားမယ့် လေယာဉ် ဆော်ဒီမှာ အရေးပေါ်ဆင်းသက်

ဂျေရုစလင် စက်တင်ဘာ ၃၀ ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ပျံသန်းနေတဲ့ flydubai FZ1073 လေယာဉ်ဟာ ပုံမှန်ခရီးစဉ်တစ်ခုအဖြစ် စတင်ခဲ့ပေမယ့် လေယာဉ်ပေါ်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံ တာဘွတ် လေဆိပ် ကို လမ်းကြောင်းပြောင်း အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်မောင်းနှစ်ဦးကြား ကိုယ်ထိလက်ရောက် ရန်ဖြစ်မှု ဖြစ်ပွားခဲ့ပြီးနောက် အရေးပေါ် အချက်ပြမှုတွေ ပေးပို့ခဲ့တာလို့ အစ္စရေး အရာရှိ…

ပြင်သစ်မှာ ကျောင်းသားဆန္ဒပြမှုတွေ ပြင်းထန်လာပြီး လူ ၄၄၀ ဖမ်းဆီးခံထားရ

ပဲရစ် စက်တင်ဘာ ၃၀ ပြင်သစ်နိုင်ငံတဝန်း အထက်တန်းကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ကျောင်းသားဆန္ဒပြမှုတွေ စက်တင်ဘာ ၂၉ ရက်မှာ ပိုမိုပြင်းထန်လာခဲ့ပြီး လူ ၄၄၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး လော်ရန်နူနက်က ပြောပါတယ်။ ဖမ်းဆီးခံရသူအများစုဟာ အသက်မပြည့်သေးသူတွေဖြစ်ပြီး သုံးပုံနှစ်ပုံခန့်ကို ရဲအချုပ်နဲ့ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ပဲရစ်နဲ့ အယ်ဒီဖရန့်စ်ဒေသမှာ…

စစ်မဲ့ဇုံမှာ မိုင်းပေါက်ကွဲမှုအတွက် တာဝန်ရှိကြောင်း စွပ်စွဲချက် မြောက်ကိုရီးယား ပယ်ချ

ဆိုးလ် စက်တင်ဘာ ၃၀ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန် (DMZ) အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်အတွက် မြောက်ကိုရီးယားမှာ တာဝန်ရှိတယ်ဆိုတဲ့ စုံစမ်းတွေ့ရှိချက်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမ ကင်ယိုဂျုံက ပယ်ချလိုက်ပါတယ်။ အဲဒီ ပေါက်ကွဲမှုဟာ စက်တင်ဘာ ၂၁ ရက်က စစ်မဲ့ဇုန်အတွင်း ကင်းထောက်တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်ကိုရီးယားတပ်ဖွဲ့ဝင် သုံးဦး…

မွန်က တောင်သူတွေကို စာရင်းမှတ်စနစ်နဲ့ စက်သုံးဆီ ရောင်းချပေးမယ်လို့ စစ်အစိုးရ ပြော

မော်လမြိုင်၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားတွေကို စာရင်းမှတ်စနစ်နဲ့ စက်သုံးဆီ ရောင်းချပေးမယ်လို့ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြောပါတယ်။ မနေ့ စက်တင်ဘာ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်…

ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှု ဆက်တိုက်လုပ်ဆောင်နေ

ကျိုက်ထို၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အခုလ စက်တင်ဘာနောက်ဆုံးအပတ်အတွင်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ စက်တင်ဘာ ၂၂ ရက်နေ့ကနေ စက်တင်ဘာ ၂၉ ရက်နေ့အထိ ကျိုက်ထိုမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်၊ အသေခံဒရုန်းနဲ့တိုက်ခိုက်မှု ငါးကြိမ်၊ လက်နက်ကြီး…

စစ်အာဏာသိမ်း (၂၀၆၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၄၄၂)ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၃၀ AAPP ရဲ့ စက်တင်ဘာ ၂၉ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၆၇)ရက်အတွင်း ပြည်သူ (၈၄၄၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၀၀၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၀၁)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

လာမယ့်ပွင့်လင်းရာသီမှာ စစ်တပ်က ပြင်းထန်တဲ့ ထိုးစစ်လုပ်လာနိုင်

နေပြည်တော် ၊ စက်တင်ဘာ ၃၀ တိုင်းရင်းသားတပ်တွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က အရေးမလှဖြစ်နေပေမယ့် လာမယ့် ပွင့်လင်းရာသီမှာ ပြင်းထန်တဲ့ ထိုးစစ်တွေ လုပ်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်တပ်က အပိုင်းလိုက်ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း အာဏာသိမ်းမှုအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရ ကြိုးပမ်းလာနေတာပါ။ လောဆယ်မှာ…

မွန်မှာ ခိုးမှုကျူးလွန်သူ ရာခိုင်နှုန်းထက်ဝက်ကျော် ဖမ်းမမိ

မော်လမြိုင် ၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ်မှာ အခုနှစ်အတွင်း ဖြစ်ပွားထားတဲ့ ခိုးမှုတွေထဲမှာ ကျူးလွန်သူ ရာခိုင်နှုန်းထက်ဝက်ကျော် ဖမ်းမမိသေးဘူးလို့ စစ်အစိုးရခန့် မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ရဲ့ လွှတ်တော်အတွင်း ဖြေကြားချက်အရ သိရပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် အမှတ် (၂)…