ဘီးလင်း၊ ဧပြီ ၁၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျေးရွာအုပ်စု သုံးအုပ်စုမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၉ ရက်နေ့အထိ ဘီးလင်းမြို့နယ် ဝင်းတာပန်၊ မြစ်ကျိုးကျေးနဲ့မင်းစောကျေးရွာအုပ်စုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၆ ကြိမ် ပြုလုပ်ခဲ့တာပါ။

လေကြောင်းဗုံးကြဲမှုကြောင့် ကျေးရွာအုပ်စု သုံးအုပ်စုရှိ ကျေးရွာပေါင်း ၁၃ ရွာက ဒေသခံ ၁၃၀၂၆ ဦးဟာ ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အရေးပေါ်ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ် လေကြောင်းဗုံးကြဲခဲ့တဲ့ အဲဒီကျေးရွာတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေက ကျေးရွာတွေ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.