April 7, 2026

မွန်ပြည်နယ် တရားသူကြီးချုပ်အဖြစ် ဒေါ်ဌေးမြင့်အေး ပြန်လည်ခန့်အပ်ခံရ

မော်လမြိုင်၊ ဧပြီ ၇ ဒီကနေ့ ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ မွန်ပြည်နယ် တရားသူကြီးချုပ်အဖြစ် ဒေါ်ဌေးမြင့်အေး ပြန်လည်ခန့်အပ်ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သမ္မတ ဖြစ်လာတဲ့ စစ်ခေါင်းဆောင် ပေးပို့တဲ့ မွန်ပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးတို့ကို လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့တာပါ။ မွန်ပြည်နယ် တရားသူကြီးချုပ်အဖြစ် ဒေါ်ဌေးမြင့်အေး ပြန်လည်ခန့်အပ်ခံရပြီး ပြည်နယ်တရားသူကြီးတွေအဖြစ်…

အပြတ်ရှင်းပစ်မယ်လို့ ထရန့် ခြိမ်းခြောက်ထားပေမယ့် အပစ်ရပ်ရေး အီရန် ပယ်ချ

ဝါရှင်တန်၊ တီဟီရန်၊ ဧပြီ ၇ အီရန် တစ်နိုင်ငံလုံးကို တစ်ညတည်းနဲ့ အပြတ်ရှင်းပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပေမယ့် အီရန်က အပစ်အခတ်ရပ်စဲဖို့ ပယ်ချထားပါတယ်။ အမေရိကန်၊ အစ္စရေးတို့ ဆင်နွှဲနေတဲ့ စစ်ပွဲ ရည်ရှည် အဆုံးသတ်မှု တစ်ရပ် လိုအပ်တယ်လို့ အီရန်က ဧပြီ ၆ ရက်မှာ ပြောပါတယ်။ ထရန့်က…

ရေးမြို့နယ်က စစ်တပ် ကာကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရ

ရေး၊ ဧပြီ ၇ မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ကာကင်းစခန်း နှစ်ခုကို ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဧပြီ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ရေးမြို့နယ်တောင်ပိုင်း ရင်းဒိန်နဲ့ရင်းရယ်ကျေးရွာအကြားမှာ တိုက်ကင်း လှည့်နေတဲ့ စစ်ကော်မရှင်တပ်ကို ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေက…