January 8, 2026

တနင်္သာရီမှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိမှန်ဒဏ်ရာရ

တနင်္သာရီ၊ ဇန်နဝါရီ ၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မုတ်ဆိတ်ကွင်းကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ် ခတ်မှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်ရဲ့ ညောင်ပင်ကွင်းကျေးရွာအ ခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက လက်နက်ကြီး…

ရေးမှာ ရွေးကောက်ပွဲ မဲလာပေးဖို့ စစ်ကော်မရှင် နေ့စဉ်လိုက်လံနှိုးဆော်

ရေး၊ ဇန်နဝါရီ ၈ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ မဲလာပေးကြဖို့ အသံချဲ့စက်တွေနဲ့ နေ့စဉ်လိုက်လံနှိုးဆော်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ ဇန်နဝါရီ ၁ ရက်နေ့ကစလို့ ရေးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ ရွေးကောက်ပွဲ မဲလာပေးကြဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ဘက်က မဲလာပေးဖို့ နေ့တိုင်းလိုက်လံနှိုးဆော်နေပေမယ့် ရပ်ကွက်ရုံးတွေမှာ…

ကြိုတင်မဲနဲ့ စစ်ကော်မရှင်ခန့် မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲ အနိုင်ရ

ချောင်းဆုံ၊ ဇန်နဝါရီ ၈ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ ကြိုတင်မဲနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တယ်လို့ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးအောင်ကြည်သိန်းဟာ မဲရုံမဲအရေအတွက် ၁၉,၀၀၀ နီးပါး၊ ကြိုတင်မဲ ၂,၁၀၀ ကျော်…

ဗင်နီဇွဲလားရဲ့ ရေနံရောင်းချမှုတွေကို အချိန်အကန့်အသတ်မရှိ ထိန်းချုပ်သွားမယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၈ ကမ္ဘာ့ ဈေးကွက်တွေမှာ ဗင်နီဇွဲလား ရေနံစိမ်းတွေကို တားမြစ် ကန့်သတ်ထားမှု ပြန်ရုတ်သိမ်း ပေးဖို့ ပြင်ဆင်နေချိန်မှာ ဗင်နီဇွဲလား ရေနံတွေ ရောင်းချမှုကို အမေရိကန်က အချိန် အကန့်အသတ်မရှိ ထိန်းချုပ်သွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ ရေနံစည်ပေါင်း သန်း ၃၀ ကနေ သန်း ၅၀ အထိ စတင်ရောင်းချမယ်လို့…

အလက်ပိုမြို့မှာ ဆီးရီးယား အစိုးရတပ်နဲ့ ကာ့ဒ် တိုက်ခိုက်ရေးအဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး လူထောင်နဲ့ချီ ထွက်ပြေး

အလက်ပို၊ ဇန်နဝါရီ ၈ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့မှာ အစိုးရတပ်တွေနဲ့ ကာ့ဒ်လူမျိုး တိုက်ခိုက်ရေးသမားတွေကြား နှစ်ရက်ကြာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်က ဆီးရီးယားစစ်တပ် တိုက်ခိုက်ခဲ့တဲ့ ကာ့ဒ်လူမျိုး အများစု နေထိုင်ရာ ဒေသတွေ ဖြစ်တဲ့ ရှိတ်ခ် မာဆောက်နဲ့ ရှက်ရာဖီးဒေသတွေကနေ အရပ်သား…