December 5, 2025

စစ်အာဏာသိမ်း (၁၇၆၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၅၂၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၆ AAPP ရဲ့ ဒီဇင်ဘာ၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၆၉) ရက်အတွင်း ပြည်သူ (၇၅၂၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၀၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၀၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စစ်တပ်ရဲ့ ကိုယ်ချိုးကိုယ်ဝေကိုယ်နိုင် ရွေးကောက်ပွဲကြောင့် လူထုအကျပ်ရိုက်

မော်လမြိုင် ၊ ဒီဇင်ဘာ ၆ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဖိအားပေး ခြိမ်းခြောက်မှုတွေ မရှိတော့ဘဲ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒအတိုင်း ခွင့်ပြုမယ်ဆိုရင် မဲပေးမယ့်သူ ရာခိုင်နှုန်းနည်းမယ်လို့ Data for Myanmar က သုံးသပ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့က ၂၀၂၅ ရွေးကောက်ပွဲအကြိုကာလ အခြေအနေသုံးသပ်ချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ပြည်သူတွေ ရွေးကောက်ပွဲအပေါ်…

မွန်ပြည်နယ်မှာ ပြည်သူ့စစ်အဖွဲ့တွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှု ပိုမိုဆိုးရွားလာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၆ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ ဒေသအခေါ် ပျူစောထီးတွေဟာ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျမှု တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင် လက်အောက်ခံ ပျူစောထီးတွေဟာ သူတို့ရဲ့ စစ်ဝတ်စုံ ယူနီးဖောင်း ဝတ်ပြီး ဒေသခံတွေကို လက်နက်ပြ ခြိမ်းခြောက်တာ၊ ဆဲဆိုကြိမ်းမောင်းတာအပြင် ကိုယ်ထိလက်ရောက်…

လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်ဖမ်းဆီးခံနေရ

မော်လမြိုင်၊ဒီဇင်ဘာ ၆ အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ မဲပေးနိုင်ဖို့ဆိုပြီး ပုဒ်မ ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးပြီးနောက် ပြန်လည်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ အမျိုးသမီးအကျဉ်းသူများအဖွဲ့ WOPP ထံက သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ…

တရုတ်ရဲ့ စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုတွေကြောင့် ထိုင်ဝမ်နဲ့ ဂျပန်တို့ စိုးရိမ်

တိုကျို ဒီဇင်ဘာ ၅ တရုတ်က ဒီနေ့အချိန်အထိ အကြီးမားဆုံး ရေတပ်အင်အား ပြသတဲ့အနေနဲ့ အခုသီတင်းပတ်အတွင်း အရှေ့ အာရှ ရေပြင်တဝှမ်း ရေယာဉ်တွေ အများဆုံး ချထားကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ဒေသတွင်း တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ထိုင်ဝမ်နဲ့ ဂျပန်တို့က စိုးရိမ်ကြောင်း ဒီဇင်ဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။…

ဂျပန် ဝန်ကြီးချုပ်ဟောင်း အာဘေးကို လုပ်ကြံသတ်ဖြတ်သူက ကျန်ရစ်သူ မိသားစုကို တောင်းပန်

တိုကျို၊ ဒီဇင်ဘာ ၅ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အားဘေးကို လုပ်ကြံသတ်ဖြတ်တယ်လို့ စွပ်စွဲခံထားခံထားသူက ကျန်ရစ်သူ မိသားစုကို ပထမဆုံး ပြန်လည် တောင်းပန်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း အာဘေးကို လုပ်ကြံသတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း စောစောပိုင်းက ထွက်ဆိုထားတဲ့ တီဆူယာ ယာမာဂါမီက အာဘေးရဲ့ ဇနီး အာကီအေးအတွက် ရင်ထဲ နှလုံးသားထဲက စိတ်မကောင်း ဖြစ်ရကြောင်း ဒီဇင်ဘာ ၄…

သံတောင်ကြီးမြို့ထဲ စစ်တပ်လက်နက်ကြီးကျလို့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ဒဏ်ရာရ

သံတောင်ကြီး၊ ဒီဇင်ဘာ ၅ ကရင်ပြည်နယ် တောင်ငူခရိုင် သံတောင်ကြီးမြို့မှာ စစ်ကော်မရှင်တပ်ရဲ့ ဘုရင့်နောင်တပ်မြို့ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်မြို့ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ သံတောင်ကြီးမြို့…

ရေးမြို့နယ်မှာ မြေပြင်ဆင်းပြီး မဲဆွယ်ရဲတဲ့ ပါတီ မရှိသေး

ရေး၊ ဒီဇင်ဘာ ၅ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မြေပြင်ကွင်းဆင်းပြီး မဲဆွယ်ရဲတဲ့ ပါတီ မရှိသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ကာလကို အောက်တိုဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့ထိ…

ထရန့် ထောက်ခံတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကို ကွန်ဂိုနဲ့ ရဝမ်ဒါတို့ လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ဒေသတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပေမယ့် ကွန်ဂိုပြည်ထောင်စုနဲ့ ရဝမ်ဒါ ခေါင်းဆောင်တို့ ဒီဇင်ဘာ ၄ ရက်က ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ထောက်ခံတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရဝမ်ဒါ သမ္မတ ပေါလ် ကာဂါမီနဲ့ ကွန်ဂို ပြည်ထောင်စု သမ္မတ ဖီးလစ် တီရှီဆီကီဒီတို့က…

ယူကရိန်း တပ်ဖွဲ့များ မဆုတ်ခွာရင် ဒွန်ဘတ်စ်ဒေသကို အင်အားသုံး သိမ်းပိုက်မယ်လို့ ပူတင် သတိပေး

မော်စကို၊ ဒီဇင်ဘာ ၅ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကနေ ယူကရိန်းတပ်ဖွဲ့တွေ အားလုံး ထွက်သွားရမှာ ဖြစ်ပြီး မထွက်သွားရင် အင်အားသုံး သိမ်းပိုက်မှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးပြီး စစ်ပွဲ အဆုံးသတ်ရေး နည်းလမ်းတွေနဲ့ပတ်သက်လို့ ညှိနှိုင်းမှု မှန်သမျှကို ပယ်ချလိုက်ပါတယ်။ ဒွန်ဘတ်စ်ဒေသရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကို မော်စကိုက ထိန်းချုပ်ထားချိန်မှာ ယူကရိန်း တပ်ဖွဲ့တွေ မဆုတ်ခွာဘူးဆိုရင်…