September 2025

စစ်အာဏာသိမ်း (၁၆၈၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၀၅) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၉ AAPP ရဲ့ စက်တင်ဘာ ၈ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၈၁) ရက်အတွင်း ပြည်သူ (၇၂၀၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၄၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၆၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ နိုင်ငံရေးပါတီအများစု ခိုးကြောင်ခိုးဝှက်သာ လှုပ်ရှားနေရ

ဘီးလင်း ၊ စက်တင်ဘာ ၉ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ်က ဒေသတချို့မှာ စစ်ကော် မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအများစု ခိုးကြောင် ခိုးဝှက်သာ လှုပ်ရှားနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ရွေးကောက်ပွဲ…

အိမ်နီးချင်းနဲ့ နိုင်ငံကြီးတချို့ စစ်အုပ်စုကို အားပေးမှုကြောင့် PDF တပ်မတော်အပေါ် စိန်ခေါ်ချက်ဖြစ်လာ

နေပြည်တော် ၊ စက်တင်ဘာ ၉ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဒုက္ခအပေါ် လျစ်လျူရှုပြီး အိမ်နီးချင်းနဲ့ နိုင်ငံကြီးတချို့က အာဏာသိမ်းစစ်အုပ်စုကို ရုပ်ပိုင်း စိတ်ပိုင်း ရပ်တည်ထောက်ပံ့ အားပေးနေတာဟာ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF အပေါ် စိန်ခေါ်ချက် ဖြစ်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်…

မြဝတီအာရှလမ်း ထိန်းချုပ်ပြီးနောက် လေးကေကော်မြို့ကို ထိုးစစ်ဆင်ဖို့ စစ်တပ်ကြိုးပမ်း

မြဝတီ၊ စက်တင်ဘာ ၉ ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ခြမ်းက လေးကေကော်မြို့အနီးတစ်ဝိုက်မှာ စစ်ကော်မရှင်တပ်က ဒရုန်း လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး မြေပြင်ကနေလည်း စစ်ကြောင်းထိုးလာဖို့ ပြင်ဆင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၆ ရက်နေ့က မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးနဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်သိမ်းယူလိုက်ပြီးတဲ့နောက် မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ကနေတစ်ဆင့်…

ဘီးလင်းမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ စက်တင်ဘာ ၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကျေးရွာ ကံကောင်းခြင်းရတနာအထပ်သားစက်ရုံမှာ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ ညနေ ၉ နာရီအချိန်ခန့်မှာ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး အ သက် ၅၉ နှစ်အရွယ် ဦးဆန်းနိုင်ဟာ အထပ်သားစက်ရုံအတွင်းမှာရှိနေချိန်…

မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန်အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ

Insight Myanmar Podcast မှ မြန်မာနိုင်ငံတဝှမ်းရှိ ကျေးရွာနှင့် လူဦးရေထူထပ်သော ဒေသများတွင် မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုဆိုးရွားလာနေပြီး ယခုအခါ ပြည်နယ်နှင့်တိုင်းအားလုံးနီးပါး ပျံ့နှံ့လျက်ရှိသည်။ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ညှိနှိုင်းဆောင်ရွက်မှုမရှိသည့် မူဝါဒများကြောင့် မိုင်းရှင်းလင်းခြင်း၊ အန္တရာယ်ရှိသောနေရာများကို စစ်တမ်းကောက်ယူခြင်း စသည့် မိုင်းနှင့်ပတ်သတ်သော လုပ်နည်းလုပ်ထုံးများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့များအနေဖြင့် ပေါက်ကွဲလက်နက်ပစ္စည်းများကြောင့်…

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရင် တုံ့ပြန်မှုတွေရှိလာလိမ့်မယ်လို့ အစ္စရေး သတိပေး

ဂျေရုစလင်၊ စက်တင်ဘာ ၈ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရေး နိုင်ငံပေါင်း တစ်ရာရဲ့ မကြာသေးခင်က တွန်းအားပေး ဆောင်ရွက်မှုဟာ မှားယွင်းမှု ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက စက်တင်ဘာ ၇ ရက်မှာ တံဆိပ်ကပ်ပြောဆိုလိုက်ပြီး အဲဒီလို လုပ်ဆောင်မယ်ဆိုရင် တစ်ဖက်သတ် တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာစေလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းခြေဒေသ အစိတ်အပိုင်းတွေကို အစ္စရေးက သူတို့ပိုင်နက်ထဲ…

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားကို ဒုတိယအဆင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ ထရန့် အသင့်ရှိ

ဝါရှင်တန်၊ စက်တင်ဘာ ၈ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ မော်စကို ဒါမှမဟုတ် သူတို့ဆီက ရေနံ ဝယ်ယူနေသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရှိန်မြှင့် ပြုလုပ်ခါနီးနေပြီဆိုတဲ့ ပြောဆိုမှုနဲ့ အနီးစပ်ဆုံး လုပ်ရပ်အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ရုရှားအပေါ် ဒုတိယအဆင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ အသင့်ရှိတယ်လို့ စက်တင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။ ထရန့်က မော်စကိုအပေါ်…

ပုလောက စစ်တပ်စခန်းတစ်ခုကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ပုလော၊ စက်တင်ဘာ ၈ ‎ တနင်္သာရီတိုင်း ပုလောမြို့နယ် ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ KNDO၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။…

ပွင့်ဖြူမှာ စစ်ကော်မရှင်စစ်ကြောင်းက ၄ ရက်အတွင်း ပြည်သူ ၉ ဦးကို သတ်ဖြတ်

မကွေး စက်တင်ဘာ ၈ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်စစ်ကြောင်းက ၄ ရက်အတွင်း ပြည်သူ ၉ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ​စက်တင်ဘာ ၃ ရက်ကနေ ၆ ရက်အထိ ပွင့်ဖြူမြို့နယ်ကို စစ်ကြောင်းဝင်ရောက်ပြီးတော့ အကြောင်းမဲ့ သတ်ဖြတ်တာ၊ စစ်ကြောင်း ရှေ့ပြေးသုံးပြီးမိုင်းကွင်းဖြတ်တာတွေ ပြုလုပ်သွားတာလို့ သိရပါတယ်။ “အဓိက​ကတော့ စစ်ကြောင်း အထိနာတာကနေ…