သထုံ၊ စက်တင်ဘာ ၁၁
မွန်ပြည်နယ် သထုံမြို့နယ်မှာ အခုရက်ပိုင်းကစပြီး စစ်ကော်မရှင်က လုံခြုံရေးတိုးမြှင့်ပြီး ပိုက်စိပ် တိုက်စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ သထုံမြို့ပေါ်အပြင် မြို့အဝင်အထွက်လမ်းတွေမှာပါ နေ့ရောညပါ လုံခြုံရေးကင်းလှည့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ဟာ သထုံ-ဘားအံလမ်း၊ သထုံ-ဘီးလင်းလမ်းပိုင်းတွေမှာ ညပိုင်းအင်အားအများအပြားနဲ့ ကင်းလှည်တာတွေ ပြန်လုပ်လာနေပြီး သထုံအဝင် ဒုံသမိတံတားဂိတ်မှာလည်း တပ်အင်အားတွေ ထပ်တိုးထားပါတယ်။
ဒါ့အပြင် မြို့ပေါ်မှာလည်း မထင်ရင်မထင်သလို လုံခြုံရေးအင်အား အများအပြားနဲ့ ပိတ်ဆို့စစ်ဆေးနေပြီး ညပိုင်းတွေမှာလည်း အဆက်မပြတ် ကင်းလှည့်နေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ လုံခြုံရေးတိုးမြှင့်မှုဟာ ရွေးကောက်ပွဲနီးလာတဲ့အမျှ တော်လှန်ရေးတပ်ဖွဲ့တွေ မဝင်ရောက်နိုင်အောင် ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
အလားတူ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း ၁ ထဲမှာ ပါဝင်တဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ကျိုက်မရောနဲ့ ချောင်းဆုံမြို့နယ်တို့မှာ လုံခြုံရေးတိုးမြှင့်ပြီး ပိတ် ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media