August 28, 2025

အစ္စရေးနဲ့ နောက်ထပ် စစ်ပွဲတစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ အီရန် ပြော

ဂျက်ဒါ၊ သြဂုတ် ၂၈ ဂါဇာကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးနဲ့ ဆက်ဆံရေး ဖြတ်တောက်ပစ်ဖို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အာရက်ချီက အာရပ်နိုင်ငံတွေကို တိုက်တွန်းပြောကြားပြီး နောက်ထပ် စစ်ပွဲတစ်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောဆိုလာပါတယ်။ ဆောဒီအာရေးဗီးယားပိုင် Asharq al-Awsat သတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အာရက်ချီက အီရန်အနေနဲ့ အစ္စရေးနဲ့ ဖြစ်ပွားမယ့် နောက်ထပ်…

သံမဏိကွန်ချာ လေကြောင်း ကာကွယ်ရေးစနစ် တူရကီ မိတ်ဆက်

အစ္စတန်ဘူလ်၊ သြဂုတ် ၂၈ သံမဏိကွန်ချာလို့ နာမည်ပေးထားတဲ့ တူရကီရဲ့ ပေါင်းစပ်ထားတဲ့ လေကြောင်း ကာကွယ်ရေးစနစ်ကို သမ္မတ အာဒိုဂန်က သြဂုတ် ၂၇ ရက်မှာ မိတ်ဆက်ပြသလိုက်ပါတယ်။ ဒီအခိုက်အတန့်ဟာ မိမိတို့နိုင်ငံနဲ့ မိမိတို့ရဲ့ ကာကွယ်ရေး လုပ်ငန်းနယ်ပယ် အတွက် အရေးကြီးတဲ့ အချိန်အခိုက်အတန့် တစ်ခု ဖြစ်တယ်လို့ သမ္မတ အာဒိုဂန်က ပြောပါတယ်။ ရေပြင်အခြေစိုက် လေကြောင်း…

သရက်ချောင်းမှာ အသက်မပြည့်သေးတဲ့ စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

သရက်ချောင်း၊ ဩဂုတ် ၂၈ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ အသက်မပြည့်သေးတဲ့ စစ်မှုထမ်းသင် တန်းဆင်း တပ်သားတစ်ဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားဟာ အသက် ၁၆ နှစ်အရွယ် ၆ တန်းကျောင်းသား မောင်ဇင်ကိုကိုဖြစ်ပြီး ကျောင်းပိတ်ချိန် အလုပ်ကအပြန် စစ်ကော်မရှင်တပ်သားတွေရဲ့ အတင်းအဓမ္မ ဖမ်း ဆီးခြင်းကို ခံခဲ့ရတာပါ။…

နိုင်ငံတဝန်းက အကျဉ်းထောင်ငါးခုမှာ အရေပြားရောဂါ ပိုမိုဖြစ်ပွားလာ

မော်လမြိုင်၊ ဩဂုတ် ၂၈ နိုင်ငံတဝန်းရှိ စစ်ကော်မရှင်ရဲ့ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ အရေပြားရောဂါဖြစ်ပွားတဲ့ အခြေအနေ ပိုမိုဆိုရွားလာတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ထံက သိရပါတယ်။ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသူတွေဟာ အရင်ကတည်းက နေရာထိုင်ခင်း အပါအဝင် ရေမသန့်ရှင်းမှုတွေကြောင့် အရေပြားရောဂါတွေ ဖြစ်ပွားနေရာမှ လက်ရှိမိုးရာသီမှာ ရောဂါကူးစက်မှုနှုန်း ပိုများလာတာပါ။ ဇွန်လကတည်းက အရေပြား ကူးစက်ရောဂါတွေ ပိုမိုဆိုးရွာလာတာဖြစ်ပြီး လက်ရှိ…

ရေဖြူတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆ ဦးထက်မနည်းသေဆုံး

ရေဖြူ၊ သြဂုတ် ၂၈ တနင်္သာရီတိုင်း ရေဖြူမြို့နယ်က ခြောက်ရက်အတွင်း တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ MSRF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။ ရေဖြူမြို့နယ်ထဲက ကော့လှိုင်၊ မရမ်းချောင်း၊ သာယာမွန်နဲ့မိုင်(၆၀) ကျေးရွာတို့ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် သြဂုတ် ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ…