June 2025

ပွင့်ဖြူမြို့နယ် မဒဲကျေးရွာကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးနေ

မကွေး ဇွန် ၂၃ မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဒဲကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက် မွှေနှောက်ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၅၀ ဟာ မဲဇလီရဲစခန်းကနေ မဒဲကျေးရွာဘက်ကို ဇွန် ၂၃ ရက်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ သိရပါတယ်။ “လောလောဆယ် မဒဲရွာထဲက ပြည်သူတွေပစ္စည်းတွေကိုခိုးယူနေတယ်။ မရှောင်နိုင်တဲ့ ပြည်သူတွေ…

နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် ထရန့်ကို ပါကစ္စတန် အမည်စာရင်း တင်သွင်းမယ်

အစ္စလာမ်မာဘက်၊ ဇွန် ၂၃ အိန္ဒိယနဲ့ပါကစ္စတန်ကြား ပဋိပက္ခကို အဆုံးသတ်စေရေး ကူညီပေးခဲ့တဲ့ အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လိုချင်တယ်ဆိုတဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းပေးသွားမှာ ဖြစ်ကြောင်း ပါကစ္စတန်က ပြောကြားလိုက်ပါတယ်။ ပါကစ္စတန်က အခုလိုမျိုး ပြောကြားပြီးနောက် အီရန်ကို အမေရိကန်က တိုက်ခိုက်မှုကြောင့် သဘောထား ပြောင်းလဲသွားမလားဆိုကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ အစ္စရေးက အီရန်…

အီရန်ကို အမေရိကန်ရဲ့ ဗုံးကြဲမှုကြောင့် လက်စားချေမှု သံသရာလည်နိုင်တယ်လို့ ကုလ အကြီးအကဲ သတိပေး

နယူးယောက်၊ ဇွန် ၂၃ အီရန် နျူကလီးယားစက်ရုံတွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် လက်စားချေမှု၊ ဖျက်ဆီးမှုသံသရာ နောက်တစ်ခါ မလည်လာစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ဇွန် ၂၃ ရက်မှာ သတိပေးလိုက်ပြီး ဒေသတွင်း အန္တရာယ်ရှိတဲ့ အလှည့်အပြောင်း ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေး အရှိန်မြင့်တက်လာမှု မှန်သမျှကို မိမိအနေနဲ့ အကြိမ်ကြိမ်…

ဟောမု့ဇ်ရေလက်ကြား အီရန် မပိတ်ဆို့ရေး နားချပေးဖို့ တရုတ်ကို အမေရိကန် တိုက်တွန်း

ဝါရှင်တန်၊ ဇွန် ၂၃ အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို ဝါရှင်တန်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဟောမု့ဇ် ရေလက်ကြားကို အီရန် မပိတ်ဆို့ရေး နားချပေးဖို့ တရုတ်ကို ဇွန် ၂၂ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီးဆင်းမှုရဲ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ…

ဌာနချုပ်ဟောင်းဖြစ်တဲ့ ထီးကပလယ်စခန်းကို KNU ပြန်လည်သိမ်းပိုက်

မြဝတီ၊ ဇွန် ၂၃ ကရင်ပြည်နယ် မြဝတီခရိုင် ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ထီးကပလယ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထီးကပလယ်စခန်းကို ဇွန် ၈ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့က…

တနင်္သာရီမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သား လေးဦး PDF ထံ အလင်းဝင်

တနင်္သာရီ၊ ဇွန် ၂၃ တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ဒုတပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်ကြပ်စာရေးတစ်ဦး အပါအဝင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားလေးဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦးနဲ့ ပုလောမြို့နယ် ဘုတ်ခြံအခြေစိုက် အမှတ် ၁၇ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းနဲ့အတူ…

မဲပေးစက်လုံခြုံရေး နည်းလမ်းရှာကူညီကြဖို့ စစ်ကောင်စီရွေးကော်ပြော

နေပြည်တော် ၊ ဇွန် ၂၂ အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲပေးစက်တွေ လုံခြုံစွာရွှေ့ပြောင်းပေးနိုင်ရေး တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေအနေနဲ့ နည်းလမ်းတွေရှာပြီး ပံ့ပိုးကူညီပေးကြဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇွန် ၂၀ ရက်နေ့က နေပြည်တော်ရှိ ကော်မရှင်ရုံးမှာပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးမှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောဆိုခဲ့တာပါ။ မဲဆန္ဒရှင်ပြည်သူတွေ…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထုတ်ပေးမှု စစ်ကောင်စီအရှိန်မြှင့်

မော်လမြိုင် ၊ ဇွန် ၂၂ မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွင်း မဲပေးနိုင်ဖို့အတွက် ပန်းခင်းစီမံချက် အဆင့်(၃)နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ဆက်လက်ပြုလုပ်ပေးနေတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။ မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မွန်ပြည်နယ်မှာ ပန်းခင်းစီမံချက်နဲ့ လျာထားတဲ့ ရာနှုန်းပြည့်မီအောင် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၁၃ ဦး သတ်ဖြတ်ခံရ

တနင်္သာရီ၊ ဇွန် ၂၂ စစ်ရေးပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ထံက သိရပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း တနင်္သာရီတိုင်းမှာ အကြောင်းအမျိုးအမျိုးကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၁၃ ဦးရှိပြီး အဲဒီထဲမှာ…

မြန်မာစစ်တပ်မှာ ကလေးစစ်သား အသုံးပြုမှု ပိုများလာတယ်လို့ HRW ပြော

နယူးယောက်၊ ဇွန်၂၁ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေကို စစ်တပ်က အသက်သွင်းလိုက်ပြီးနောက် စုဆောင်းထားတဲ့ စစ်သားသစ်တွေအပါအဝင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က စစ်သားသစ် ခေါ်ယူမှုနဲ့ ကလေးစစ်သား အသုံးပြုမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဇွန် ၂၀ ရက်မှာ ပြောကြား လိုက်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း…