June 2025

သေဘောဘိုးစခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော် ထိုင်းဘက်ခြမ်း စစ်ရှောင်နေရ

ဝေါ်လေ၊ ဇွန် ၄ ကရင်ပြည်နယ် ဝေါ်လေဒေသထဲမှာရှိတဲ့ သေဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခုခံပစ်ခတ်နေပြီး တိုက်ပွဲကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေးရောက်ရှိလာတဲ့ ဒေသခံပြည်သူ ဦးရေ ၅၀၀ ကျော် ရှိလာပြီဖြစ်တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၃ ရက် မနက်အစောပိုင်းကစပြီး မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါ်လေ ကားလမ်းမပေါ် သေဘောဘိုးကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို…

နယ်မြေပေးရင် ငြိမ်းချမ်းရေး သဘောတူညီမှု ရယူမယ်လို့ ယူကရိန်းကို ရုရှား ပြော

အစ္စတန်ဘူလ်၊ ဇွန် ၃ ယူကရိန်းအနေနဲ့ နယ်မြေအသစ်တွေကို ပေးအပ်ပြီး စစ်တပ် အင်အား ကန့်သတ်မှုကို လက်ခံမယ်ဆိုမှ စစ်ပွဲ အဆုံးသတ်မှာ ဖြစ်ကြောင်း ရုရှားက ဇွန် ၂ ရက်မှာ ကျင်းပတဲ့ အစ္စတန်ဘူလ်မြို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွင်း တောင်းဆိုခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ ယူကရိန်းမှာ သွေးချောင်းစီးမှု အဆုံးသတ်ရေး အမေရိကန်က တောင်းဆိုထားပေမယ့်…

ထိုင်းနဲ့ နယ်စပ် အငြင်းပွားမှု ကမ္ဘောဒီးယားက ICJ သို့ တိုင်ကြား

ဖနွမ်းပင်၊ ဇွန် ၃ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နယ်စပ် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့ပြီးနောက် ထိုင်းနဲ့ နယ်စပ်အငြင်းပွားမှုကို နိုင်ငံတကာတရားရုံး ICJ ထံ တိုင်ကြားထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်က ဇွန် ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ နယ်စပ်မှာ မသေချာမရေရာမှုနဲ့ ပတ်သက်လို့ နောက်ထပ် တိုက်ခိုက်မှု မဖြစ်ပွားစေရေး…

TNLA ထိန်းချုပ်ဒေသမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၂ ဦး သေဆုံး

သီပေါ၊ ဇွန် ၃ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တစ်လအတွင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းတွေကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က သီပေါမြို့နယ် ကုန်စုံကျေးရွာမှာ နေထိုင်တဲ့ အသက်…

တပ်ပြေးရဲဘော် ၅ ဦးကို အရေးယူမယ်လို့ MLA ကြေညာ

မော်လမြိုင် ၊ ဇွန် ၃ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှာ ရဲဘော် ၅ ဦးဟာ တာဝန်ထမ်းဆောင်နေချိန်အတွင်း သက်ဆိုင်တဲ့ အထက်အရာရှိတွေကို သတင်းပေးပို့ခြင်းမရှိဘဲ တာဝန်ကျရာနေရာကနေ စွန့်ခွာထွက်ပြေးခဲ့တယ်လို့ ဇွန် ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထွက်ပြေးသူတွေရဲ့ အမည်၊ ကိုယ်ပိုင်အမှတ်၊ အသက်နဲ့ တာဝန်တွေကို ဖော်ပြထားပြီး ရဲဘော်မျိုးဟိန်းခိုင် (ခ) ကျောင်းသား၊ ရဲဘော်…

နိုင်ငံတဝန်းမှာ တစ်လအတွင်း အရပ်သား ၁၅၀ ကျော်သေဆုံး

မော်လမြိုင်၊ ဇွန် ၃ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ မေလအတွင်း ဒီမိုကရေစီလှုပ်ရှားသူတွေအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၁၅၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီလက်ချက်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သူ ၁၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ အာဆီယံအနေနဲ့ စစ်ကောင်စီကို အာဆီယံသဘောတူညီချက်…

စစ်အာဏာသိမ်း (၁၅၈၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၆၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၃ AAPP ရဲ့ ဇွန်၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၈၃) ရက်အတွင်း ပြည်သူ (၆၇၆၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၁၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်ကောင်စီရဲ့ အပစ်ရပ်သက်တမ်းတိုးမှု ရွေးကောက်ပွဲအတွက် တည်ငြိမ်မှုရှိနိုင်မလား

နေပြည်တော် ၊ ဇွန် ၃ ရွေးကောက်ပွဲကို အခုနှစ်အတွင်း မဖြစ်မနေကျင်းပနိုင်ရေး ပြင်ဆင်နေပြီး ဒေသအလိုက် တည်ငြိမ်မှုရှိဖို့ လိုအပ်တဲ့အတွက် ဇွန်လကုန်အထိ အပစ်ရပ်သက်တမ်းတိုးမြှင့်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီက တည်ငြိမ်ရေးကိုရှေးရှုပြီး ယာယီအပစ်ခတ်ရပ်စဲရေးကာလကို လေးကြိမ်မြောက်အဖြစ် ဇွန် ၁ ရက်ကနေ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်တာပါ။ ငလျင်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေ…

လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် မွန်နဲ့ကရင်က လူမှုကယ်ဆယ်ရေးအသင်းတွေ ရပ်နားပြီ

မော်လမြိုင်၊ ဇွန် ၃ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးမှုကြောင့် ကူညီကယ် ဆယ်ရေးအသင်းအများစု လူနာမပို့ဆောင်ရဲတော့ဘဲ ယာယီရပ်နားတော့မယ့်အကြောင်း ကြေညာမှုတွေ ရှိလာပါတယ်။ စစ်ကောင်စီဟာ ဇွန် ၁ ရက်နေ့ကစပြီး မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို အင် အားအလုံးအရင်းနဲ့ လိုက်လံဖမ်းဆီးပြီး သိမ်းဆည်းအရေးယူမှုတွေ လုပ်ဆောင်နေတာပါ။ ကရင်ပြည်နယ်မှာတော့ လိုင်စင်မရှိတဲ့ လူမှုကူညီရေးအသင်းကားတွေကိုပါ ဖမ်းဆီးသိမ်းဆည်းနေတဲ့အတွက်ကြောင့် လူမှုကူညီရေးအသင်းတော်တော်များဟာ ဘားအံကို…

ထားဝယ်မှာ စစ်တပ်လက်နက်ကြီးကြောင့် ကျောင်းထိုင် ဆရာတော်တစ်ပါး ပျံလွန်တော်မူ

ထားဝယ်၊ ဇွန် ၃ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် စော်ဝကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၁ ရက်နေ့ ည ၃ နာရီအချိန်ခန့်မှာ ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ် ခတ်ရာကနေ စော်ဝကျေးရွာရှိ သစ်ဆိမ့်ပင်ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သက်တော်…