မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်ဖမ်းမိပါက လူကိုပါထောင်ချနေ
မော်လမြိုင် ၊ ဇွန် ၅ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့တွေက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသိမ်းဆည်းတဲ့အပြင် လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကိုပါ ထောင်ဒဏ်ချမှတ်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးရမိပါက လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကို သိမ်း ဆည်းပြီးနောက် လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကိုပါ တစ်ခါတည်း ဖမ်းဆီးကာ ပို့ကုန်၊ သွင်းကုန် ဥပဒေတွေနဲ့…
