နေပြည်တော် ၊ ဇွန် ၂၄

ဥရောပရဲ့ အကြီးဆုံးလေကြောင်း ကုမ္ပဏီ AIRBUS က တရုတ်အစိုးရ စစ်တပ်ပိုင် လေယာဉ်ထုတ် လုပ်ရေးနဲ့ စစ်ရေးနည်းပညာ ကုမ္ပဏီ AviChina နဲ့ လက်တွဲဖြုတ်မှုဟာ မြန်မာစစ်အုပ်စုကို ထိခိုက်နိုင်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ Blood Money Campaign က အ သိပေးပါတယ်။

စစ်အုပ်စုကို လေယာဉ်၊ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာ ထောက်ပံ့ပေးနေတဲ့ တရုတ်အစိုးရ စစ်တပ်ပိုင် ကုမ္ပဏီ AVIC ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ AviChina Industry & Technology Company Limited နဲ့ ရင်နှီးမြုပ်နှံမှု ပူးပေါင်းလုပ်ကိုင်ခြင်းကို AIRBUS က ဧပြီ ၁ ရက်နေ့မှာ စတင်ရပ်တန့်ခဲ့တာပါ။

အခုလို ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လက်တွဲဖြုတ်ခြင်းဟာ မြန်မာစစ်အုပ်စုအတွက် နိုင်ငံရေးအရ အကြီး အကျယ် ထိခိုက်မှာဖြစ်ပြီး တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC အတွက်လည်း အရှက်ရဖွယ် ထိုးနှက် ချက်ဖြစ်တယ်လို့ Blood Money Campaign က ဆိုပါတယ်။

ဒါ့အပြင် AIRBUS နဲ့ AVIC အကြား ပူးပေါင်းဆောင်ရွက်မှုပေါ်မှာလည်း ဆိုးရွားတဲ့ ထိခိုက်မှုတွေရှိလာမှာဖြစ်ပြီး အဲဒီအချက်ဟာ စစ်အုပ်စုက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဂုဏ်သိက္ခာရှိတဲ့ လူ့အသိုင်းအဝိုင်းကနေ လက်မခံကြောင်း ပြသနေတာပါ။

Justice For Myanmar ရဲ့ အချက်အလက်တွေအရ AviChina ရဲ့ ထုတ်ကုန်တွေဟာ K-8 လေ့ကျင့်ရေး/ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်နဲ့ Y-12 ဘက်စုံသုံးလေယာဉ်တို့ ပါဝင်ပြီး အဲဒီ အမျိုးအစားနှစ်ခုလုံးကို မြန်မာ့လေတပ်က နိုင်ငံတစ်ဝန်း အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

AIRBUS ဟာ AviChina မှာ ရှယ်ယာ ၅ ဒသမ ၀၃ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ တစ်ခုတည်းသော အကြီးဆုံးနိုင်ငံတကာ ရှယ်ယာရှင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇွန်လအထိ စာရင်းအရ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၁၄၀ ရှိပါတယ်။

လက်ရှိမှာ AIRBUS ဟာ တရုတ်နိုင်ငံအတွင်းရှိ AVIC နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပူးပေါင်းမှုတွေ ရှိနေသေးတဲ့အတွက် ဩဇာအရှိန်အဝါကို သုံးပြီး AVIC ကို မြန်မာစစ်အုပ်စုနဲ့ စီး ပွားရေးလုပ်ငန်းတွေ ရပ်တန့်ဖို့ ဆက်လက် ဖိအားပေးရမယ်လို့ ထောက်ပြကြပါတယ်။

တခြားသော နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့လည်း စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပတ်သက်ဆက်နွယ် ပံ့ပိုးနေတာတွေကို ချက်ခြင်းရပ်တန့်ရမယ်လို့ Justice For Myanmar နဲ့ Blood Money Campaign တို့က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.