မော်လမြိုင်၊ ဇွန် ၂၄
မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ Ocean Super Center ဘေးက မြေနေရာကို စစ်ကောင်စီက လုပ်ငန်းရှင်တစ်ဦးထံ လုပ်ကိုင်ခွင့်ပေးထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
မြေဧက ၂ ဧကကျော်ရှိတဲ့ အဲဒီမြေနေရာမှာ ခေတ်မှီကစားကွင်း တည်ဆောက်ဖို့အတွက် စစ်ကောင်စီက လုပ်ကိုင်ခွင့်ပေးထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲဒီမြေနေရာမှာ ခေတ်မှီအားကစားခွင့် တည်ဆောက်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် စည်ပင်သာရေးအဖွဲ့က တင်ဒါခေါ်ယူထားရာကနေ လျှောက်ထားတဲ့ လုပ်ငန်းရှင်တစ်ဦးကို လုပ်ကိုင်ခွင့်ချပေးခဲ့တာပါ။
ဒါပေမယ့် အဲဒီမြေနေရာအတွက် မြေငှားရမ်းပေးတဲ့ နှစ်ကာလ၊ စာချုပ်ပါအချက်အလက်တွေနဲ့ လုပ်ကိုင်ခွင့်ရရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေပါတယ်။
အရင်က သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ အဲဒီမြေနေရာမှာ မွန်ပြည်နယ်နေ့၊ ကရင်အမျိုးသားနေ့အခမ်းအနားတွေအပါအဝင် ပြည်နယ်နဲ့ပတ်သက်တဲ့ အခမ်းအနားတွေလည်း ကျင်းပခဲ့ဖူးပါတယ်။
မော်လမြိုင်သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ မြေဧက ၂ ဧကကျော်ရှိတဲ့ မြေနေရာမှာ လုပ်ငန်းရှင်တစ်ဦးအား လုပ်ကိုင်ခွင့်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဒေါက်တာအောင်မြတ်ကျော်စိန်ထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

