June 10, 2025

စစ်အာဏာသိမ်း (၁၅၉၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၉၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၁ AAPP ရဲ့ ဇွန်၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၉၁) ရက်အတွင်း ပြည်သူ (၆၇၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၆၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၃၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာ

မော်လမြိုင် ၊ ဇွန် ၁၁ မွန်ပြည်နယ်မှာ အခုဇွန်လကစလို့ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနှုန်း သိသိသာသာ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ ဆရာဝန်တွေက တိုက်တွန်းပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါဟာ တစ်နှစ်ပတ်လုံး ဖြစ်ပွားလေ့ ရှိပေမယ့် လက်ရှိမိုးရာသီအဝင်ကာလမှာ ပိုပြီးအဖြစ်များလာသလို တစ်ရက်လျှင် အနည်းဆုံး လူ ၆၅ ဦးထက်မနည်း ရောဂါကူးစက်ခံနေရပါတယ်။ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ…

အစုအဖွဲ့သုံးဖွဲ့နဲ့ တအာင်းပြည်ကောင်စီကို ဖွဲ့စည်း

နမ့်ခမ်း ၊ ဇွန် ၁၁ တော်လှန်ရေးကာလမှာ အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် အစုအဖွဲ့သုံးဖွဲ့နဲ့ တအာင်းပြည်ကောင်စီ TLC ကို ဖွဲ့စည်းလိုက်တယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC က ဇွန် ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တအာင်းပြည်ကောင်စီမှာ TNLA ခေါင်းဆောင်ထဲက ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ဒုဥက္ကဌ နှစ်ဦးအပါအဝင် အဖွဲ့ဝင်လေးဦးနဲ့ တွဲဘက်အတွင်းရေးမှူး တစ်ဦး…

ထိုင်း-မြန်မာနယ်စပ်က ပွိုင့် ၂၅၆၆ စစ်တပ်စခန်းကို KNU သိမ်းပိုက်

ထားဝယ်၊ ဇွန် ၁၁ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။ အဲဒီရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန် ရေးတပ်ဖွဲ့တွေက ဇွန် ၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဇွန် ၁၀ ရက်နေ့မှာ စခန်းတစ်ခုလုံးကို…

မွန်-ကရင်အစပ်က ကျေးရွာစာသင်ဝိုင်း ဗုံးကြဲခံရလို့ ၅ ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

ကျုံဒိုး၊ ဇွန် ၁၁ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ပိုင်ရပ်ကျေးရွာရှိ စာသင်ကျောင်း ဗုံးကြဲခံရတာကြောင့် ကျောင်းဆရာမနဲ့ ကျောင်းသားကျောင်းသူတွေအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အစပ်နား ပိုင်ရပ်ကျေးရွာထဲကို ဇွန် ၉ ရက်နေ့ နေ့လယ်…

ရုရှားနဲ့ ယူကရိန်းကြား စစ်အကျဉ်းသား လဲလှယ်

ချာနီဟေ့ဗ်၊ ဇွန် ၁၀ နှစ်နိုင်ငံကြား အကျဉ်းသား လဲလှယ်မှု ပြုလုပ်ရေး စီစဉ်ထားတဲ့ အစီအစဉ်တွေ အများကြီးထဲက ပထမဆုံးခြေလှမ်းအနေနဲ့ ရုရှားနဲ့ယူကရိန်းကြား အသက် ၂၅ နှစ်အောက် စစ်အကျဉ်းသားတွေကို ဇွန် ၉ ရက်မှာ လဲလှယ်ခဲ့ကြောင်း သိရပါတယ်။ စစ်ပွဲအတွင်း သေဆုံးသွားတဲ့ ထောင်နဲ့ချီတဲ့ စစ်သားတွေရဲ့ ရုပ်အလောင်း လဲလှယ်ဖို့နဲ့ တစ်ဖက်ဆီက စစ်အကျဉ်းသား ၁၂၀၀…

စစ်တပ်တိုက်လေယာဉ် ပစ်ချမှု မှတ်တမ်းဓာတ်ပုံ PLA ထုတ်ပြန်

ပုလဲ၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တိုက်လေယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ထပ်မံထုတ်ပြန်ပါတယ်။ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း လေကြောင်းပစ်ကူလာပေးတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးကို PLA တပ်မတော်က ဇွန် ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီတိုက်လေယာဉ်ဟာ…

လော့စ်အန်ဂျယ်လိစ်သို့ ထရန့်က အမျိုးသားအစောင့်တပ်ဖွဲ့နဲ့ မရိန်းတပ်ဖွဲ့ ထပ်မံ စေလွှတ်

လော့စ်အန်ဂျယ်လိစ်၊ ဇွန် ၁၀ ရွှေ့ပြောင်းနေထိုင်သူတွေကို စီးနင်းမှုတွေအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တားဆီးရေး ဖက်ဒရယ်အစိုးရက တုံ့ပြန်ရာမှာ ပါဝင်ကူညီနိုင်ဖို့လော့စ်အန်ဂျယ်လိစ်ဒေသသို့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် နောက်ထပ် ၂၀၀၀ နဲ့ မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ကို သမ္မတ ဒေါ်နယ်ထရန့်က စေလွှတ်ထားကြောင်း ပင်တဂွန်က အတည်ပြုပါတယ်။ အဲဒီလို တပ်ဖွဲ့ဝင် အင်အားအများအပြား ချထားမှုနဲ့ ပတ်သက်လို့ အစိုးရကို တရားစွဲမယ်လို့…

စစ်ကောင်စီတပ်သားလေးဦး မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်

မော်လမြိုင်၊ ဇွန် ၁၀ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား လေးဦးဟာ မွန်ပြည်နယ်အခြေစိုက် တော်လှန် ရေး တပ်ဖွဲ့တွေထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ သက်ဆိုင်ရာ တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၂၉၉ ခြေလျင်တပ်ရင်းက တပ်သားနှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနစစ်ကြောင်းထံ ဇွန် ၉ ရက်နေ့မှာ အလင်းဝင်ခဲ့တာ…

ပုလဲမြို့နယ်မှာ စစ်တပ်တိုက်လေယာဉ်တစ်စီး ပစ်ချခံရ

ပုလဲ၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တိုက်လေယာဉ် တစ်စီးအား ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အတည်ပြုထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇွန် ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲထံ လေကြောင်းပစ်ကူလာပေးတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးကို PLA တပ်မတော်က ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်လေယာဉ် ပစ်ချနိုင်တဲ့အခြေအနေနဲ့…