မော်လမြိုင်၊ ဇွန် ၃

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ မေလအတွင်း ဒီမိုကရေစီလှုပ်ရှားသူတွေအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၁၅၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီလက်ချက်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သူ ၁၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ စစ်ကောင်စီကို အာဆီယံသဘောတူညီချက် ၅ ချက် လိုက်နာဖို့ တိုက်တွန်းနေပေမယ့် စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သားပြည်သူတွေနဲ့ ကျောင်းသားတွေကိုပါ လေကြောင်းတိုက် ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကို တွေ့ရှိရတယ်လို့ AAPP က ဆိုပါတယ်။

အဲဒီလိုကျူးလွန်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်နေပြီး ပြည်သူတွေအနေနဲ့ စစ်‌ ကောင်စီကို ခွင့်လွှတ်ပေးဖို့ ပိုပြီးခက်ခဲလာတဲ့အပြင် မြန်မာနိုင်ငံရဲ့ပြဿနာဟာ နိုင်ငံတွင်းမှာပဲ ရပ်တန့်နေတာ မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေကိုပါ ပျံ့နှံ့နေတယ်လို့ သတိပေးထားပါတယ်။

အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အခုလို ဆက်လက်ကျူးလွန်နေတာကို အမြန်ဆုံး ရပ်တန့်အောင် နည်းလမ်းရှာရာမှာ စစ်‌ကောင်စီနဲ့ ထိတွေ့ဆက်ဆံခြင်းဟာ စစ်ကောင်စီ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားပေးနေခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇွန် ၂ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ကြောင့် ဒီမိုကရေစီလှုပ်ရှားသူနဲ့ ပြည်သူ ၆၇၆၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.