June 2, 2025

စစ်အာဏာသိမ်း (၁၅၈၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၆၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၃ AAPP ရဲ့ ဇွန်၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၈၃) ရက်အတွင်း ပြည်သူ (၆၇၆၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၁၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်ကောင်စီရဲ့ အပစ်ရပ်သက်တမ်းတိုးမှု ရွေးကောက်ပွဲအတွက် တည်ငြိမ်မှုရှိနိုင်မလား

နေပြည်တော် ၊ ဇွန် ၃ ရွေးကောက်ပွဲကို အခုနှစ်အတွင်း မဖြစ်မနေကျင်းပနိုင်ရေး ပြင်ဆင်နေပြီး ဒေသအလိုက် တည်ငြိမ်မှုရှိဖို့ လိုအပ်တဲ့အတွက် ဇွန်လကုန်အထိ အပစ်ရပ်သက်တမ်းတိုးမြှင့်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီက တည်ငြိမ်ရေးကိုရှေးရှုပြီး ယာယီအပစ်ခတ်ရပ်စဲရေးကာလကို လေးကြိမ်မြောက်အဖြစ် ဇွန် ၁ ရက်ကနေ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်တာပါ။ ငလျင်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေ…

လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် မွန်နဲ့ကရင်က လူမှုကယ်ဆယ်ရေးအသင်းတွေ ရပ်နားပြီ

မော်လမြိုင်၊ ဇွန် ၃ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးမှုကြောင့် ကူညီကယ် ဆယ်ရေးအသင်းအများစု လူနာမပို့ဆောင်ရဲတော့ဘဲ ယာယီရပ်နားတော့မယ့်အကြောင်း ကြေညာမှုတွေ ရှိလာပါတယ်။ စစ်ကောင်စီဟာ ဇွန် ၁ ရက်နေ့ကစပြီး မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို အင် အားအလုံးအရင်းနဲ့ လိုက်လံဖမ်းဆီးပြီး သိမ်းဆည်းအရေးယူမှုတွေ လုပ်ဆောင်နေတာပါ။ ကရင်ပြည်နယ်မှာတော့ လိုင်စင်မရှိတဲ့ လူမှုကူညီရေးအသင်းကားတွေကိုပါ ဖမ်းဆီးသိမ်းဆည်းနေတဲ့အတွက်ကြောင့် လူမှုကူညီရေးအသင်းတော်တော်များဟာ ဘားအံကို…

ထားဝယ်မှာ စစ်တပ်လက်နက်ကြီးကြောင့် ကျောင်းထိုင် ဆရာတော်တစ်ပါး ပျံလွန်တော်မူ

ထားဝယ်၊ ဇွန် ၃ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် စော်ဝကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၁ ရက်နေ့ ည ၃ နာရီအချိန်ခန့်မှာ ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ် ခတ်ရာကနေ စော်ဝကျေးရွာရှိ သစ်ဆိမ့်ပင်ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သက်တော်…

ဟာ့ချ် ဘုရားဖူး ခွင့်ပြုချက် မပါတဲ့ မွတ်စလင် ၂၆၉၀၀၀ ကျော်ကို မက္ကာမြို့ ဝင်ခွင့် ဆော်ဒီ တားမြစ်

မက္ကာ၊ ဇွန် ၂ မက္ကာမြို့သို့ တရားမဝင် ဝင်ရောက်မှုကို အာဏာပိုင်တွေက နှိမ်နှင်းနေချိန် ဟာ့ချ်ဘုရားဖူး ခွင့်ပြုချက် မပါတဲ့ မွတ်စလင် ၂၆၉၀၀၀ ကျော်ကို မက္ကာမြို့သို့ ဝင်ခွင့် တားမြစ်ခဲ့တယ်လို့ ဆော်ဒီအာရေးဗီးယား အရာရှိတွေက ဇွန် ၁ ရက်က ပြောကြားခဲ့ပါတယ်။ တရားမဝင် ဘုရားဖူးတွေကြောင့် ဟာ့ချ်ဘုရားဖူးကာလမှာ လူတွေ ပြွတ်သိပ်နေတာ ဖြစ်တယ်လို့ ဆော်ဒီ…

ရုရှားလေတပ်စခန်းတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ လေယာဉ်အစီး ၄၀ ကျော် ပျက်စီး

ကိဗ် ၊ဇွန် ၂ ရုရှား နယ်နိမိတ် အတွင်းနက်နက်ထဲရှိ လေတပ် အခြေစိုက်စခန်း လေးခုကို ခိုးသွင်းထားတဲ့ ဒရုန်းတွေနဲ့ ကြီးကြီးမားမားတိုက်ခိုက်မှုအတွင်း နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ ရုရှား ဗုံးကြဲလေယာဉ် ၄၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ယူကရိန်း လုံခြုံရေးဌာန SBU က ပြုလုပ်ခဲ့တဲ့ ပင့်ကူအိမ် စစ်ဆင်ရေး အတွင်း ဒရုန်း…

စစ်ကောင်စီ စစ်ကြောင်းကြောင့် ပခုက္ကူ-ပေါက် လမ်းပိုင်းမှာ ဒေသခံ ၁၀၀၀၀ ကျော် စစ်ရှောင်နေရ

မကွေး ဇွန် ၂ မကွေးတိုင်း ပခုက္ကူ-ပေါက် လမ်းပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းကြောင့် ဒေသခံ ၁၀၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ပေါက်မြို့နယ်လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၂၈ ရက်က ထွက်လာတဲ့ စစ်ကောင်စီရဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ရဲ့ အင်အား ၁၂၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ…

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရေးယူဖို့ တိုက်တွန်း

ဘားအံ၊ ဇွန် ၂ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ ကော်သူးလေ အမျိုးသမီးများ နှီးနှောဖလယ်ပွဲကနေ ဇွန် ၁ ရက်နေ့က ထုတ်ပြန်ကြေညာပြီး တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုလုပ်ဆောင်ဖို့ ၊ စစ်ကောင်စီကို ထောက်ခံနေသူတွေအားလုံး ထောက်ခံမှုကို ချက်ချင်းရပ်တန့်ဖို့…