March 2025

မန်းရွှေစက်တော်ဘုရားပွဲတော် စည်ကားနေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်

မကွေး မတ် ၁၄ မကွေးတိုင်း မင်းဘူး မန်းရွှေစက်တော်ဘုရားပွဲတော် စည်ကားနေတယ်လို့ ဝါဒဖြန့်ဖို့ စစ်ကောင်စီ လက်အောက်ခံတွေကို အသုံးပြုထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၁၃ ရက်မှာ ကျရောက်တဲ့ တပေါင်းလပြည့်​​​နေ့အတွက် စစ်ကောင်စီရဲ့ ဝန်ထမ်းတွေနဲ့ KTV က အမျိုးသမီးတွေကို ရွှေစက်တော်ဘုရားဖူးခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ဗွီဒီယို တင်ထားတာ တွေ့လိုက်တယ်။ ဝန်ထမ်းတွေကိုတော့…

အီးယူထုတ် ယမကာတွေကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်မယ်လို့ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ မတ် ၁၄ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာမှုရဲ့ နောက်ဆုံး အရှုပ်အထွေး အဖြစ် ဥရောပသမဂ္ဂ အီးယူကနေ အမေရိကန်သို့ တင်ပို့တဲ့ ယမကာအားလုံးအပေါ် အခွန် ၂၀၀ ရာခိုင်နှုန်းကောက်ခံ သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။ အမေရိကန်သို့ တင်ပို့တဲ့ သံမဏိနဲ့ ဒန်သတ္တု အားလုံးအပေါ် သမ္မတ ထရန့်ရဲ့ အခွန် တိုးကောက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့…

ကုလ တံခါးပိတ် ဆွေးနွေးမှုကြောင့် ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ သံအမတ်တွေကို အီရန် ဆင့်ခေါ်

တီဟီရန်၊ မတ် ၁၄ တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ တံခါးပိတ် အစည်းအဝေး ကျင်းပရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တလွဲ အသုံးချတယ်ဆိုပြီး ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ သံအမတ်တွေကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၃ ရက်မှာ ဆင့်ခေါ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြပါတယ်။ တီဟီရန်က ယူရေနီယံသန့်စင်မှုကို လက်နက် ထုတ်လုပ်နိုင်တဲ့…

မန္တလေးတိုင်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၃၀ နီးပါးသေဆုံး

တောင်သာ၊ မတ် ၁၄ မန္တလေးတိုင်းမှာ နှစ်လကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ မတ် ၁၃ ရက်နေ့အထိ မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်ကြောင့်…

မြန်မာ့လူဦးရေ သုံးပုံတစ်ပုံဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရ

မော်လမြိုင်၊ မတ် ၁၄ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး လူပေါင်း ၁၉ ဒသမ ၉ သန်းကျော်ဟာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက မတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ နယ်မြေတွေ ဆုံးရှုံးလာတာနဲ့အမျှ လက်တုံ့ပြန်တဲ့အနေနဲ့ အကူအညီတွေ ပိတ်ဆို့တာ၊ လူသားချင်းစာနာမှု လမ်းကြောင်းတွေ ကန့်သတ်တာနဲ့…

ပူတူလူစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းဘက် ထွက်ပြေး

မဲဆောက် မတ် ၁၄ ထိုင်းနိုင်ငံ တက်ခ်ခရိုင်နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ မြန်မာဘက်အခြမ်း လှိုင်းဘွဲမြို့နယ်က စစ်ကောင်စီရဲ့ ပူတူလူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ Maesot Media က ဖော်ပြပါတယ်။ အဲဒီလို စခန်းသိမ်းတိုက်ပွဲမှာ ဒရုန်း၊ အမြှောက်၊ စက်သေနတ်၊ စနိုက်ပါ သေနတ်တို့ဖြင့် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်က…

စစ်အာဏာသိမ်း (၁၅၀၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၀၁) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၁၄ AAPP ရဲ့ မတ် ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၀၂) ရက်အတွင်း ပြည်သူ (၆၄၀၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၈၃၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၈၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တစ်နိုင်ငံလုံး စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ဆောင်မယ်လို့ စစ်ခေါင်းဆောင်ကြွေးကြော်

နေပြည်တော် ၊ မတ် ၁၄ အာဏာသိမ်းမှုကြောင့် အဘက်ဘက်ကကျဆင်းနေတဲ့ လယ်ယာကဏ္ဍကို တစ်နိုင်ငံလုံးအတိုင်းအ တာအရ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ကြွေး ကြော်လိုက်ပါတယ်။ မတ် ၁၂ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စု ပင်လောင်းလမ်းစုံအနီးရှိ စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း စီမံကိန်းအားသွားရောက်ကြည့်ရှုစဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်က…

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း ဒဏ်ခတ်ပိတ်ဆို့ခံရ

နေပြည်တော် ၊ မတ် ၁၄ အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE အပေါ် ဆွစ်ဇာလန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို Justice For Myanmar (JFM) က ကြိုဆိုတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ အဲဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ MOGE အပေါ် ဥရောပသမဂ္ဂ EU…

လောင်းလုံးက တပ်စခန်းနှစ်ခု တိုက်ခိုက်ခံရလို့ စစ်တပ်ဗုံးကြဲ

လောင်းလုံး၊ မတ် ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအနီးရှိ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းနဲ့ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းနဲ့ မောင်းမကန်ရဲစခန်းတို့ကို မတ် ၁၃ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက် ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်ထန်းခဲ့တာပါ။ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က…