February 3, 2025

စစ်အာဏာသိမ်း (၁၄၆၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၄၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ၄ AAPP ရဲ့ ဖေဖော်ဝါရီ ၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၆၄) ရက်အတွင်း ပြည်သူ (၆၂၄၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၄၅၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၂၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စေ့စပ်ဆွေးနွေးမှု လက်မခံဘူးလို့ နွေဦးတော်လှန်ရေးအင်အားစုတွေ အသိပေး

မဲဆောက် ၊ ဖေဖော်ဝါရီ ၄ စစ်အုပ်စုက ၂၀၀၈ အခြေခံဥပဒေအောက် ပြန်ဆွဲသွင်းမယ့် ရွေးကောက်ပွဲနည်းလမ်းထဲ တွန်းပို့ဖို့ စေ့စပ်ဆွေးနွေးခြင်းကို လက်ခံမှာမဟုတ်ဘူးလို့ နွေဦးတော်လှန်ရေးအင်အားစုတွေက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သောင်ရင်းသဘောထား ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သောင်ရင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး နွေဦးတော် လှန်ရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ဘုံသဘောထား ၁၀ ချက်ကို…

စစ်မှုထမ်းနည်းဥပဒေဟာ လူ့အရင်းအမြစ်ကို အလွဲသုံးစားလုပ်တာလို့ အကဲခတ်တွေဝေဖန်

စစ်မှုထမ်းနည်းဥပဒေဟာ လူ့အရင်းအမြစ်ကို အလွဲသုံးစားလုပ်တာလို့ အကဲခတ်တွေဝေဖန် မော်လမြိုင် ၊ ဖေဖော်ဝါရီ ၄ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေဟာ လူ့အရင်းအမြစ်ကို အလွဲသုံးစားလုပ်တာဖြစ်ပြီး နိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ကြုံရနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တိုက်ပွဲတွေကြောင့် အင်အားပြုန်းတီးမှုကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အသက်ပြည့်ပြီးတဲ့ လူငယ်တွေအား နိုင်ငံခြားထွက်ခွင့်ပိတ်ပြီး စစ်ထဲသွတ်သွင်းမယ့် စစ်မှု…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ဘီးလင်း၊ ဖေဖော်ဝါရီ ၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒညင်းကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အ မှတ် ၃ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ဒညင်းကုန်းကျေးရွာအနီး ပတ်ဝန်းကျင်ကို…

ပွင့်ဖြူ တိုက်ပွဲကြောင့် ဒေသခံ နှစ်သောင်းဝန်းကျင် စစ်ရှောင်နေရ

မကွေး ဖေဖော်ဝါရီ ၃ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ နှစ်သောင်းဝန်းကျင် စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် ကျေးရွာ ၁၄ ရွာနီးပါးက ဒေသခံ နှစ်သောင်းဝန်းကျင်ဟာ ပွင့်ဖြူမြို့နားနီးတဲ့နေရာတွေနဲ့ မကွေးမြို့ဘက်ကို စစ်ရှောင်နေကြရတာပါ။ “အဓိကကတော့ ဖေဖော်ဝါရီ…

တစ်လအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲ ၁၃၆ ဦး အလင်းဝင်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၃ အခုနှစ် ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီရဲ့ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သားနဲ့ ရဲ ၁၃၆ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်လာပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ…

ဒေသန္တရရွေးကောက်ပွဲမှာ ထိုင်း အာဏာရ ဖူထိုင်းပါတီ အများဆုံး အနိုင်ရ

ဘန်ကောက်၊ ဖေဖေဝါရီ ၃ ထိုင်းအာဏာရ ဖူထိုင်းပါတီက ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ PAO ၁၈ နေရာအတွက် ဥက္ကဋ္ဌနေရာတွေ အနိုင်ရထားပြီး သူ့ရဲ့ ညွှန့်ပေါင်း လက်တွဲဖော် ဘွမ်ဂျိုထိုင်းပါတီက ဥက္ကဋ္ဌနေရာ ၁၂ ခုနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဖေဖော်ဝါရီ ၂ ရက် ဒေသန္တရ ရွေးကောက်ပွဲအတွင်း အဓိက အတိုက်အခံ ပြည်သူ့ပါတီဟာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနေရာ…

အမေရိကန် ကုန်ပစ္စည်းတွေအပေါ် ကနေဒါက အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်

အိုတာဝါ၊ ဖေဖော်ဝါရီ ၃ အိမ်နီးချင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ စတင်တဲ့ လက္ခဏာအနေနဲ့ အမေရိကန်နိုင်ငံအပေါ် ကနေဒါက လက်စားချေ အခွန်ပြဌာန်းမှု တစ်ခု ပြုလုပ်လိုက်ပါတယ်။ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ဘီယာနဲ့ ဝိုင်ကစပြီး အိမ်သုံးပစ္စည်းတွေနဲ့ အားကစားပစ္စည်းတွေအထိ ကနေဒါဒေါ်လာ ၁၅၅ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန်ထုတ် ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း…

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ တပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်း ၂၉ ဦး ဖမ်းမိ

ဘီးလင်း၊ ဖေဖော်ဝါရီ ၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ တပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်း ၂၉ ဦး ဖမ်းမိခဲ့တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ရေးအရ အရေးပါတဲ့ မဲပလီဗျူဟာစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး ပိတ်ဆို့တိုက်ခိုက်ရာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်…

မကွေးမှာ အင်ဂျင်တပ်‌လေထီးတွေနဲ့ ဗုံးကြဲမှု စစ်ကောင်စီ ပိုမိုပြုလုပ်လာ

မကွေး ဖေဖော်ဝါရီ ၃ မကွေးတိုင်းမှာ စစ်ကောင်စီဘက်က အင်ဂျင်တပ်လေထီး‌ဖြစ်တဲ့ Paramotor တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လူစီးနင်းလိုက်ပါလို့ရတဲ့ အင်ဂျင်တပ်လေထီး‌ Paramotor တွေကို ပြည်သူလူထု နေထိုင်ရာနဲ့ တိုက်ပွဲ ဖြစ်ရာနေရာတွေမှာ စစ်ကောင်စီဘက်က အသုံးပြုနေတာလို့ ဆိုပါတယ်။ “ညက Paramotor နဲ့ မီးလောင်ဗုံးသုံးလုံး နေအိမ်တွေကိုချသွားတယ်။ နေအိမ်တစ်လုံးမီးလောင်သွားတယ်။…