January 23, 2025

စစ်အာဏာသိမ်း (၁၄၅၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၀၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ AAPP ရဲ့ ဇန်နဝါရီ၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၅၃) ရက်အတွင်း ပြည်သူ (၆၂၀၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၃၃၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်ဘောင်ကျယ်လာတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့် ကျဉ်းမြောင်းလာ

စစ်ဘောင်ကျယ်လာတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့် ကျဉ်းမြောင်းလာ ရန်ကုန် ၊ ဇန်နဝါရီ ၂၄ စစ်ရေးပဋိပက္ခကျယ်ပြန့်လာနေတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာစုရုံးခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေက တဖြေးဖြေးကျဉ်းမြောင်းလာတယ်လို့ Data for Myanmar က ဇန်နဝါရီ ၂၂ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ အကြောင်းရင်းမှာ စစ်ရေးနဲ့ လုံခြုံရေးဘက်ကို အကဲပိုတဲ့ အမြင်သဘောထားတွေကြောင့်လို့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ…

မော်လမြိုင်မှာ ဘိလပ်မြေဈေး စံချိန်တင်မြင့်တက်

မော်လမြိုင် ဇန်နဝါရီ ၂၄ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဘိလပ်မြေတစ်အိတ် ကျပ် ၃၀,၀၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာပြီး ဈေးကွက်အတွင်း ပစ္စည်းလုံးဝပြတ်လပ်သွားမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီပထမအပတ်က တစ်အိတ်ကျပ် ၁၈,၀၀၀ ကျော်သာရှိတဲ့ ဘိလပ်မြေဈေးဟာ ဇန်နဝါရီတ တိယအပတ်မှာတော့ တစ်အိတ်ကျပ် ၂၇,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး တချို့ဒေသတွေမှာ ဝယ်ယူလို့မရတဲ့အထိ…

ထားဝယ်မှာ ကွမ်းခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းထိလို့ ခြေထောက်ပြတ်

ထားဝယ်၊ ဇန်နဝါရီ ၂၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ ဝကုန်းကျေးရွာ မြောက်ဘက်ချောင်းဖျားနားမှာ ကွမ်းခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းကြောင့် ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၈ နာရီအချိန်လောက်က ဝကုန်းကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ကိုဝင်းအောင်ဟာ နေအိမ်ကနေ သူပိုင်ကွမ်းခြံကို ဆိုင်ကယ်နဲ့အသွား…

KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ကို စစ်တပ်ဗုံးကြဲ

ကျိုက်ဒုံ၊ ဇန်နဝါရီ ၂၄ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အဆောက်အဦတချို့ ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကျိုက်ဒုံမြို့ကို ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲအချိန်လောက်မှာ နေပြည်တော်လေတပ်က Yak-130 Jet Fighter…

မကွေးနဲ့ရခိုင်အစပ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး ဖမ်းဆီးရမိ

မကွေး ဇန်နဝါရီ ၂၃ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်သား ၁၂ ဦးဖမ်းဆီးရမိတယ်လို့ PRA-Magway ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရခိုင်-မကွေးအစပ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ရခိုင်ပြည်နယ်ကနေပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေထဲက ခမရ ၁၁၃ က ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တာပါ။ “တိုက်ပွဲတွေကနေ…

ထိုင်းမှာ LGBTQ စုံတွဲ ရာပေါင်းများစွာ တရားဝင် လက်ထပ်

ဘန်ကောက်၊ ဇန်နဝါရီ ၂၃ ထိုင်းနိုင်ငံမှာ လိင်တူထိမ်းမြားခွင့်ဥပဒေ အသက်ဝင်လာခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်မှာ လူသိထင်ရှား လိင်တူအမျိုးသား စုံတွဲ တစ်တွဲ အပါအဝင် နိုင်ငံတဝန်းရှိ LGBTQ စုံတွဲ ရာပေါင်းများစွာ လက်ထပ်ခဲ့ကြပါတယ်။ ထိုင်း သရုပ်ဆောင်ဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ် အပီဝတ်ဆေယီနဲ့ အသက် ၃၈ နှစ်အရွယ် ဆပ်ဖန်ယိုတို့ဟာ ဆင်တူ…

ယူကရိန်းစစ်ပွဲ အဆုံးမသတ်ရင် ပိတ်ဆိုမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ပူတင်ကို ထရန့် သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ သမ္မတ ဗလာဒီမာ ပူတင် ပျက်ကွက်ခဲ့ရင် ရုရှားအပေါ် အခွန်တွေ တိုးမြှင့်ပြီး နောက်ထပ် အရေးယူပိတ်ဆို့မှု အသစ်တွေ ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သတိပေးလိုက်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်လူမှုမီဒီယာ Truth ပေါ်မှာ သမ္မတ ထရန့်က ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး သူ့ရဲ့…

ကျိုက်ထိုမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဇန်နဝါရီ ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာမှာ မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မလော့ချောင်ကျေးရွာနေ အသက် ၃၇ နှစ်အရွယ်ရှိ ကိုစိုးနိုင်ဦးကို ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိ သေနတ်သမားတွေက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။…

တနင်္သာရီမှာ လက်နက်ကြီးကျလို့ ဒေသခံခုနှစ်ဦး ထိမှန်ဒဏ်ရာရ

တနင်္သာရီ၊ ဇန်နဝါရီ ၂၃ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ပဝကျေးရွာနဲ့ အရှေ့သာရဖုံကျေးရွာထဲ စစ်ကောင်စီတပ်လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံခုနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ တနင်္သာရီအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၀၆ အမြောက်တပ်၊ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းတွေကနေ တိုက်ပွဲမရှိဘဲ…