January 22, 2025

စစ်အာဏာသိမ်း (၁၄၅၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၀၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၃ AAPP ရဲ့ ဇန်နဝါရီ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၅၂) ရက်အတွင်း ပြည်သူ (၆၂၀၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၃၂၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၁၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

နယ်/လုံဝန်ကြီး ညွှန်ကြားချက်နဲ့ မော်လမြိုင်မှာ လူနေအိမ်တချို့ကို စစ်ကောင်စီဖျက်ဆီးနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၃ မွန်ပြည်နယ် မော်လမြိုင်မြို့ မြို့ပေါ် ရပ်ကွက် တချို့မှာရှိတဲ့ လူနေအိမ်တွေကို ကျူးကျော်နေထိုင်တယ်လို့ဆိုပြီး စစ်ကောင်စီလက်အောက်ခံတွေက လိုက်လံဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံတွေက မြို့ပေါ်ရပ်ကွက်တွေဖြစ်ကြတဲ့ လှိုင်ရပ်ကွက်နဲ့ သာ ယာအေးရပ်ကွက်အတွင်းက လူနေအိမ်တချို့ကို ကျူးကျော်နေထိုင်တယ်လို့ဆိုပြီး အင်အားအများအပြားအသုံးပြုကာ ဖျက်ဆီးမှုတွေ ပြုလုပ်နေတာပါ။ အခုလို လူနေအိမ်တွေကို လိုက်လံဖျက်ဆီးရတာဟာ…

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယုံကြည်မှုတည် ဆောက်နိုင်ပြီလို့ NUG ယာယီသမ္မတပြော

မော်လမြိုင် ၊ ဇန်နဝါရီ ၂၃ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီလို့ ယာယီသမ္မတ ဒူ ဝါလရှီးလက ပြောပါတယ်။ ဒါပေမယ့် ပြည့်စုံလုံလောက်ပြီလို့ မပြောနိုင်သေးဘဲ မဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ကြိုးစားပြီး ရပ်ပစ်လိုက်လို့ရတဲ့ သဘောမျိုးမဟုတ်ဘူးလို့ ဇန်နဝါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NUG ရဲ့ အစိုးရအဖွဲ့…

ထားဝယ်အထူးစီးပွားရေးဇုန်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၂၀၀၀ ကျော်တိမ်းရှောင်နေရ

ရေဖြူ၊ ဇန်နဝါရီ ၂၃ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံပြည်သူ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အားအများအပြားပါတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းကစပြီး ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်…

ကျိုက်ထိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးထိလို့ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇန်နဝါရီလ ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဌက်ပျောတောကျေးရွာမှာ ဇန်နဝါရီလ ၂၁ ရက် ညပိုင်းက စစ်ကောင်စီတပ်ဘက်ကနေ ရမ်းသမ်းပစ်လိုက်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်မှာ အမှတ် ၆၀၂ ဒုံးတပ်ရင်းကနေ လက်နက်ကြီး ၄…

KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

ဘားအံ၊ ဇန်နဝါရီလ ၂၂ ကရင်ပြည်နယ် ဘားအံမြို့နယ် ကျုံစိန်ကျေးရွာနဲ့ဖလံတောင်ကျေးရွာကြားမှာ ဇန်နဝါရီ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ အဲဒီနေ့ ညနေ ၃ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး…

ကျားဖြန့်နဲ့ လက်နက်မှောင်ခို တိုက်ဖျက်ရေး မဲခေါင်ဒေသတွင်း ၆ နိုင်ငံ ပူးပေါင်းမယ်

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ မဲခေါင်ဒေသတွင်း နိုင်ငံတွေရဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်း ကျားဖြန့်နဲ့ လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်တဲ့ ပူးပေါင်း‌ဆောင်ရွက်မှုတွေ စတင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေ ဇန်နဝါရီ ၂၁ ရက်နေ့က အသိပေးထုတ်ပြန်ပါတယ်။ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ LMLECC က ဇန်နဝါရီ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ“ဇင်ယော်”…

ကျိုက်ဒုံမြို့မှာ စစ်ကောင်စီ ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံး

ကော့ကရိတ်၊ ဇန်နဝါရီလ ၂၂ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့ အမှတ် ၅ ရပ်ကွက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဒီနေ့ မနက် ၇ နာရီခန့်မှာ အမှတ် ၅ ရပ်ကွက်ရှိ မီးသတ်ရုံးကို စစ်ကောင်စီဘက်က…

နှစ်လအတွင်း လွတ်လပ်စွာပြောဆိုခွင့် ချိုးဖောက်ခံရသူ ၃၂ ဦး ရှိ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၂ အွန်လိုင်း လူမှုဆိုရှယ်မီဒီယာတွေမှာ စစ်ကောင်စီကို ဝေဖန်ရေးသားပြောဆိုမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း ဖမ်းဆီးအရေးယူခံရသူ ၃၂ ဦး ရှိခဲ့တယ်လို့ လွတ်လပ်စွာပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရသူအများစုဟာ သာမန်အရပ်သားပြည်သူတွေဖြစ်ပြီး အမျိုးသား ၃၀ ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ အရေးယူထားခံရတယ်လို့…

ယူကရိန်းအရေး ပူတင် မဆွေးနွေးရင် ရုရှားကို အရေးယူပိတ်ဆို့မယ်လို့ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ငြင်းဆိုခဲ့မယ်ဆိုရင် ရုရှားကို အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဇန်နဝါရီ ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ နောက်ထပ် အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို သမ္မတ ထရန့်က ထုတ်ဖော်ပြောဆိုတာ…