ရေးမြို့နယ်မှာ စားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် စစ်ကောင်စီကန့်သတ်ပိတ်ပင်
ရေး၊ ဇန်နဝါရီ ၁၆ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသနဲ့ အတွင်းရွာတွေဘက်ကို စစ်ကောင်စီက အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျုံလောင်းစစ်ဆေးရေးဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၂ ရက်နေ့ကစပြီး အခြေခံစားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ စက်သုံးဆီ သယ်ယူခွင့်ကိုပါ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့…