2025

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် တရုတ်ထုတ် ဒရုန်းတွေကို အမေရိကန် တားမြစ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃ DJI နဲ့ Autel တို့လို ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ တရုတ်နိုင်ငံထုတ် ဒရုန်း အသစ်တွေ အမေရိကန် ဈေးကွက်ထဲ ဝင်ရောက်စေရေး တားဆီးမှုအနေနဲ့ အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင်က နိုင်ငံခြားထုတ် ဒရုန်း အသစ်တွေကို တားမြစ်သွားမယ်လို့ ဒီဇင်ဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်း၊…

ရုရှား လေတပ် အခြေစိုက်စခန်းထဲက ဒေါ်လာ သန်း ၁၀၀ တန် လေယာဉ် နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း ပြော

ကိဗ်၊ ဒီဇင်ဘာ ၂၃ ရုရှား လေတပ် အခြေစိုက် စခန်းတစ်ခုထဲကို မိမိတို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ခိုးဝင်ပြီး စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ တိုက်လေယာဉ် နှစ်စီးကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းက ပြောလိုက်ပါတယ်။ ရှေ့တန်း စစ်မျက်နှာနဲ့ မိုင်ရာချီ အဝေးမှာ ရှိတဲ့ အခြေစိုက်စခန်းတွေကို မိမိတို့ ဝင်ရောက် တိုက်ခိုက်နိုင်စွမ်း…

လောင်းလုံးမှာ စစ်ကြောင်းက ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထား

လောင်းလုံး၊ ဒီဇင်ဘာ ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဒေသခံပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက စခန်းကြီးကျေးရွာထဲ ဝင်ရောက်လာပြီးနောက် လမ်းမှာတွေ့တဲ့ ရွာခံ အမျိုးသား၊…

မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ငါးဦး ဒဏ်ရာရ

ကျိုက်ထို၊ ဒီဇင်ဘာ ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့်…

စစ်တပ် ဝါဒဖြန့်ချန်နယ်တွေကို ဩစတြေးလျနည်းပညာကုမ္ပဏီ ဖယ်ရှား

မော်လမြိုင်၊ ဒီဇင်ဘာ ၂၃ ဩစတြေးလျနည်းပညာကုမ္ပဏီ Kick ဟာ မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့် ချန်နယ်တွေကို တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီး နာရီပိုင်းအတွင်းမှာပဲ ဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။ Justice For Myanmar က ဩစတေးလျ တိုက်ရိုက်အသံလွှင့် ပလက်ဖောင်း Kick ကုမ္ပဏီထံ စာရေးသားပေးပို့ပြီး ဒဏ်ခတ်ပိတ်ပို့မှုတွေ ပြုလုပ်ဖို့နဲ့…

မြန်မာရွေးကောက်ပွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားနိုင်တယ်လို့ ဗြိတိန် သတိပေး

လန်ဒန်၊ ဒီဇင်ဘာ ၂၃ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေအရ ရွေးကောက်ပွဲကျင်းပရင် အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ထပ် ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်များတယ်လို့ ဗြိတိန်အစိုးရက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၂၂ ရက်က လုံခြုံရေးကောင်စီ သီးသန့် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး အာဆီယံ အထူးကိုယ်စားလှယ် အိုတမန် ဟာရှင်းနဲ့ ကုလသမဂ္ဂ…

ထရန့်က သူ့နာမည်ပေးမယ့် စစ်သင်္ဘောတွေကို မိတ်ဆက်

ပမ်းပ် ဘိချ်၊ ဒီဇင်ဘာ ၂၃ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က လက်နက် အများအပြား တပ်ဆင်မယ့် သူ့နာမည် ပေးထားတဲ့ စစ်သင်္ဘောတွေကို ဒီဇင်ဘာ ၂၂ ရက်မှာ မိတ်ဆက်လိုက်ပါတယ်။ အဲဒီလို လုပ်ဆောင်တာက ရာထူးကနေ ထွက်ခွာသွားတဲ့ ခေါင်းဆောင်တွေအတွက်ပဲ ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ “ထရန့်အဆင့်” စစ်သင်္ဘော အသစ်တွေဟာ အမေရိကန် ရေတပ်အင်အား…

စစ်အာဏာသိမ်း (၁၇၈၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၂၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၂၃ AAPP ရဲ့ ဒီဇင်ဘာ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၈၆) ရက်အတွင်း ပြည်သူ (၇၆၂၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၆၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၀၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

လူထုကိုယ်စား အသံထွက်ပေးမယ့် အမတ်တွေ လွှတ်တော်မစခင် နှုတ်ဆိတ်ခံနေရပြီလား

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၃ လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲမကျင်းပခင်မှာဘဲ နှုတ်ဆိတ်နေရမယ့် ညွန်ကြားချက်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကနေ နိုင်ငံ့အာဏာသုံးရပ်ကို လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အစိုးရတွေရဲ့ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့် ကွက်ရင် အရေးယူမယ်လို့ ဒီဇင်ဘာ ၁၆ ရက်နေ့…

မွန်ပြည်နယ်မှာ လောင်းကစားဝိုင်းတွေကို စစ်ကော်မရှင် ရက်တိုးခွင့်ပြု

မော်လမြိုင် ၊ ဒီဇင်ဘာ ၂၃ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲ မတိုင်မီအထိ လောင်းက စားဝိုင်းတွေကို ရက်တိုးခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်စစ်ကော်မရှင်ဟာ အရင်က လောင်းကစားဝိုင်းတွေကို ရွေးကောက်ပွဲ မတိုင်ခင် ဒီဇင်ဘာ ၂၁ ရက်နေ့အထိသာ ပြုလုပ်ခွင့်ပေးထားရာမှ လက်ရှိမှာ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ…