2024

မွန်ပြည်နယ် ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ရင်း တိုက်ခိုက်ခံရ

ရေး၊ ဇန်နဝါရီ ၁ နှစ်သစ်အကြိုစစ်ဆင်ရေးအဖြစ် မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီ တပ်ရင်း ၂ ရင်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုပူးပေါင်းအဖွဲ့တွေ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၉၁) နဲ့ အမှတ်(၅၈၃) ခြေမြန်တပ်ရင်းတို့ကို မနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ…

ပြည်သူမထောက်ခံတဲ့ စစ်ကောင်စီခန့် မွန်ပြည်နယ်ရဲ့ ပွဲတက်ဝန်ကြီးချုပ် အောင်ကြည်သိန်း

စစ်ခေါင်းဆောင် အာဏာသိမ်းပြီးဖွဲ့စည်းထားတဲ့ နိုင်ငံအဆင့်ကောင်စီမှာ သူကိုယ်တိုင် ဥက္ကဋ္ဌလုပ်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာတော့ သူကြိုးဆွဲရာကမယ့် ပြည်နယ်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌတွေကို တာဝန်ပေးခဲ့ပါတယ်။ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကိုတော့ ဒေါက်တာတင်ဌေးက ဥက္ကဌအဖြစ်တာဝန်ယူပြီး စတင်အကောင်အထည်ဖော်ခဲ့ပေမယ့် မကြာခင်မှာပဲ ဒေါက်တာတင်ဌေးအစား ဦးဇော်လင်းထွန်းကို ပြောင်းလဲတာဝန်ပေးပါတယ်။ ဦးဇော်လင်းထွန်းဟာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ် ဦးသိန်းစိန်အစိုးရလက်ထက်၊ ဦးထင်ကျော်အစိုးရလက်ထက်တို့မှာ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မွန်ပြည်နယ်ဗုဒ္ဓကလျာဏယုဝအသင်းရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားသလို မော်လမြိုင်မြို့ရဲ့ စစ်တပ်ထောက်ခံပွဲတွေကို…

စစ်ခေါင်းဆောင်အတွက် ကြံမ္မာဆိုးဝင်တဲ့ ၂၀၂၃ ခုနှစ် လည်ပြန်

သံလွင်တိုင်းမ် ၂၀၂၃ ခုနှစ်ကို ပြန်ပြောင်းလှည့်ကြည့်မယ်ဆို မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းတွေမှာ တစ်ခေတ်တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ နိုင်ငံရေးလှိုင်းတံပိုးတွေ ပြင်းထန်နေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အထင်အရှားဖြစ်ရပ်တွေက ပြဆိုနေတာတော့ စစ်ကောင်စီတပ်ဟာ ပျက်စီးပြိုဆင်းနေပြီဆိုတာကို တွေ့ရပါမယ်။ စစ်တပ်သမိုင်းမှာ တစ်ခါမှမကြုံခဲ့ဖူးတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို နိုင်ငံသစ္စာဖောက်မှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှုတွေနဲ့ ထောင်တစ်သက်တစ်ကျွန်း အချခံလိုက်ရတာ၊ ငါမသေ ငါ့စခန်းမကျစေရဆိုတဲ့ စစ်တပ်၊ ကတုတ်ကျင်းလေးတစ်ခုကို စွန့်ရင်တောင် သေဒဏ်ပေးလို့ရတဲ့…