December 10, 2024

မင်းတုန်းမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်ကောင်စီ မီးရှို့ ဖျက်ဆီး

မကွေး ဒီဇင်ဘာ ၁၀ မကွေးတိုင်း မင်းတုန်းမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်ကောင်စီကမီးရှို့ ဖျက်ဆီးသွားတယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းထံကနေ သိရပါတယ်။ ဒီဇင်ဘာ ၃ ရက်ကစပြီးတော့ စစ်ကောင်စီတပ်တွေဟာ မြောက်ပြင်၊ ကြိုးဝ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး အဲဒီနေ့ ညနေမှာပဲ မီးရှို့ဖျက်ဆီးခဲ့တာပါ။ “လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးစစ်ရေး အရှိန်မြင့်တက်လာမှုနဲ့အတူ ကျွန်တော်တို့…

ဆီးရီးယားမှာ အိုင်အက်စ်အဖွဲ့ အင်အား ပြန်လည်တည်ဆောက်လာနိုင်တယ်လို့ အမေရိကန် သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ဆီးရီးယားမှာ အိုင်အက်စ်အဖွဲ့ အင်အား ပြန်လည်တည်ဆောက်ဖို့ အခုအချိန်ကာလကို အသုံးချလာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က သတိပေးလိုက်ပါတယ်။ တော်လှန်ရေးတပ်တွေရဲ့ ဖိအားကြောင့် ဆီရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ် မော်စကိုမြို့ကို ထွက်ပြေးသွားခဲ့ရပြီးနောက် တော်လှန်ရေးခေါင်းဆောင်တွေက အားလုံး ပါဝင်တဲ့ အုပ်ချုပ်မှုစနစ် တည်ထောင်မယ်လို့ ပြောဆိုထားပါတယ်။ ဆီးရီးယားမှာ…

ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သားတွေကို မြန်မာဘက်က ပြန်မလွှတ်သေး

ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ စစ်ကောင်စီဆီကနေ ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရ စောင့်ဆိုင်းနေရတာကြောင့် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ ရေလုပ်သားတွေရဲ့ ကံကြမ္မာ မသေချာ မရေရာ ဖြစ်နေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ရနောင်မြို့အနီး ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ပြီးနောက် အဲဒီ ရေလုပ်သားတွေ လွတ်မြောက်နိုင်ဖို့ ဒေသဆိုင်ရာ အရာရှိတွေမှာ လုပ်ပိုင်ခွင့် အာဏာမရှိဘူးလို့ ဆိုပါတယ်။ အဲဒီ…

မွန်ပြည်တော်လှန်ရေးတပ် စစ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်း

ရေး၊ ဒီဇင်ဘာ ၁၀ မွန်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ သင်တန်းဆင်းပွဲကို မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်း၊ ကာကွယ်ရေးဌာနမှူး နိုင်ဒင်းပလဟံသာ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်မှူး နိုင်နဂါးနဲ့…

ညောင်လေးပင်မှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ၂၅၀၀ ကျော် ထွက်ပြေးနေရ

ညောင်လေးပင်၊ ဒီဇင်ဘာ ၁၀ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာလေးရွာက ဒေသခံ ၂၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက KNU က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေး ရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

ဆေးဝါးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသား ၂၄ ဦး သေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၁၀ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၂၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ သန်လျင်ရေတပ်က တပ်သားပြည့်စုံဦးဟာအကြမ်း မဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်မှုကြောင့်…

နောင်ချိုမှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သားသုံးဦးဒဏ်ရာရ

နောင်ချို၊ ဒီဇင်ဘာ ၁၀ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဒီဇင်ဘာ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က သရက်ကုန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ဆမ္မဆယ်ကျေးရွာဘက်ကို လက်နက်ကြီးသုံးလုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာရှိ အမှတ် ၁…