November 4, 2024

စစ်အာဏာသိမ်း (၁၃၇၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၉၁၉) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၅ AAPP ရဲ့ နိုဝင်ဘာ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၃၇၃) ရက်အတွင်း ပြည်သူ (၅၉၁၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၆၃၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဘာတွေထူးခြားလာနိုင်လဲ

နေပြည်တော် ၊ နိုဝင်ဘာ ၅ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းမှု လေးနှစ်နီးပါးအကြာ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို လာမယ့်ရက်ပိုင်းအတွင်း သွားရောက်မယ်လို့ စစ်ကောင်စီက တ ရားဝင်သတင်းထုတ်ပြန်လာပါတယ်။ အဲဒီခရီးစဉ်ကို တရုတ်နိုင်ငံက ဖိတ်ကြားတာဖြစ်ပြီး နိုဝင်ဘာ ၆ ရက်ကနေ ၇ ရက်နေ့အထိ ကူမင်းမြို့ မှာ ပြုလုပ်မယ့် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ…

နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်းလုပ်ကြံသတ်ဖြတ်ခံနေရ

မော်လမြိုင်၊ နိုဝင်ဘာ ၅ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လုပ်ကြံသတ်ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းမှုတွေ ရှိနေသလို ဥပဒေမဲ့ ထောင်ပြင်ထုတ် သတ်ဖြတ်မှုတွေ အဆက်မပြတ် လုပ်ဆောင်လာတာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က ဧရာဝတီတိုင်း မြောင်းမြထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအ…

တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ လေးဦးသေဆုံး

တနင်္သာရီ၊ နိုဝင်ဘာ ၅ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာလမ်းဆုံမှာ လမ်းကင်းလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့တယ်လို့ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ဇဝဲရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းကနေ ခြေလျင်နဲ့စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၄၀ ကျော်ကို ဘန်းလမွတ်ရွာ…

ကျိုက်ထိုမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

ကျိုက်ထိုမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ ကျိုက်ထို၊ နိုဝင်ဘာ ၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင် အားစုတွေထံကနေ သိရပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားနေတဲ့ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ စစ်ကောင်စီတပ်…

ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အဖိုးအိုတစ်ဦး သေဆုံး

မကွေး နိုဝင်ဘာ ၄ မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ အရွယ် အဖိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းမှာ ဆောမြို့နယ် ဦးဖိုးလှိုင်ခန်းမကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဆောမြို့ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ “အမျိုးသမီး တစ်ယောက်၊ အမျိုးသား…

ဖာပွန်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး အရှင်ဖမ်းမိ

ဖာပွန်၊ နိုဝင်ဘာ ၄ ကရင်ပြည်နယ် ဖာပွန်ဒေသ ခေါပုတ်စခန်းကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံချေမှုန်းခံရတာကြောင့် တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးပြီး ၁၇ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က KNU ဖာပွန်ခရိုင်…

တောင်ကိုရီးယား သမ္မတကြောင့် နျူကလီးယား စစ်ပွဲဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယား ပြော

ဆိုးလ်၊ နိုဝင်ဘာ ၄ တောင်ကိုရီးယား သမ္မတဟာ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ မူဝါဒတွေကတဆင့် သူ့နိုင်ငံကို နျူကလီယား စစ်ပွဲနဲ့ ကြုံအောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲဖော်ပြထားတဲ့ စက္ကူဖြူစာတမ်းတစ်ခုကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ရန်သူ့ နိုင်ငံများကို လေ့လာရေး မြောက်ကိုရီးယား အင်စတီကျုက ရေးသားပြီး KCNA သတင်းဌာနက ဖော်ပြတဲ့…

ဂါဇာ စစ်ပွဲ အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ အမေရိကန် ဒုသမ္မတ ဟားရစ် ကြွေးကြော်

ဝါရှင်တန်၊ နိုဝင်ဘာ ၄ နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံး မဲဆွယ်တဲ့နေ့မှာ လက်ရှိ ဒုသမ္မတ ကာမယ်လာ ဟားရစ်က ဂါဇာ စစ်ပွဲ အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ပြောဆိုပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူ့အစိုးရအဖွဲ့မှာ ဂျွန်အက်ဖ် ကနေဒီ ဂျူနီယာကို နေရာကြီးကြီး ပေးမယ်လို့ ပြောကြားပါတယ်။ ကိုယ်စားလှယ်လောင်း…

TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ အဆက်မပြတ် ဗုံးကြဲခံနေရ

နောင်ချို၊ နိုဝင်ဘာ ၄ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ နေ့စဉ် လာရောက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းမှာ နောင်ချိုမြို့နယ် ဆမ္မကျေးရွာနဲ့ သကြားစက်ရုံတွေကို စစ်ကောင်စီလေတပ်က ဂျက်ဖိုတာ…