October 13, 2024

ရေးပင်လယ်ပြင်က ရေလုပ်သားတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုပိုများလာ

ရေး၊ အောက်တိုဘာလ ၁၃ ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်သူတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်လောက်ကစပြီး ပင်လယ်ပြင်မှာငါးဖမ်းနေသူတွေကနေ တစ်ယောက် နှစ်ယောက်ကစလို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာရာကနေ အောက်တိုဘာ ၁၁ ရက်နေ့ထိ ရောဂါဖြစ်ပွားသူ ၄၀ ကျော်ထိဖြစ်လာပြီလို့ ဆိုပါတယ်။ လုံးဝပျောက်သွားတာမျိုးမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနေပြီး ရောဂါဖြစ်ပွားသူတွေထဲမှာ…