September 2024

ရေဘေးအပေါ် တာဝန်ကင်းမဲ့ခဲ့တဲ့ စစ်ကောင်စီရဲ့ အရေးပေါ်တုံ့ပြန်မှု

နေပြည်တော် ၊ စက်တင်ဘာ ၁၅ မြန်မာနိုင်ငံအနှံ့နီးပါး ရေကြီးရေလျှံနစ်မြုပ်မှုကြောင့် လူ့အသက်များစွာ သေကြေနေရပေမယ့် အ စိုးရတစ်ရပ်အဖြစ် ခံယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အရေးပေါ်တုံ့ပြန်မှုအပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ရေဘေးကြောင့် စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ်အထိ တစ်နိုင်ငံလုံးမှာ လူ ၃၃ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုပေမယ့် ရေဘေးသင့်ဒေသတွေမှာ လူရာဂဏန်းအထိ…

ကျိုက္ခမီမြို့မှာ ဝမ်းရောဂါကြောင့် သေဆုံးသူခြောက်ဦးအထိရှိလာ

ကျိုက္ခမီ ၊ စက်တင်ဘာ ၁၅ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာပြီးနောက် မြို့တွင်းရှိ စားသောက်ဆိုင်အားလုံး ယာယီပိတ်သိမ်းထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကျိုက္ခမီမြို့မှာ စက်တင်ဘာပထမအပတ်က စတင်ပြီး ပင်လယ်ပြင် ငါးဖမ်းစက်လှေသမားတွေနဲ့ ကျားဖောင်လုပ်သားတွေအပါအဝင် ဒေသခံပြည်သူတချို့မှာ ဝမ်းရောဂါကူးစက် ဖြစ်ပွားမှုတွေ ရှိလာခဲ့တာပါ။ ဝမ်းရောဂါကြောင့် စက်တင်ဘာ ၁၃ ရက်နေ့အထိ…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၂၀ နီးပါး သတ်ဖြတ်ခံရ

တနင်္သာရီ၊ စက်တင်ဘာ ၁၅ တနင်္သာရီတိုင်းမှာ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ သတ်ဖြတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီက နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အရပ်သားနှစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ စက်တင်ဘာ ၁၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ် ခတ်မှုကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမြောက် တပ်နဲ့ ပဲခူးတိုင်းဝေါမြို့နယ် လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့…

ဘားအံရေကြီးမှု ပိတ်မိ‌‌နေသူတွေ အများအပြား ရှိနေ၊ သောက်ရေနဲ့စားစရာ အရေးပေါ်လိုအပ်

ဘားအံ၊ စက်တင်ဘာ ၁၄ သံလွင်မြစ်ရေ စံချိန်တင် ကြီးမြင့်လာမှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ သံလွင်မြစ်ကမ်းတလျှောက်က ကျေးရွာတွေအားလုံးလိုလိုမှာ ရေကြီးနစ်မြုပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး ပိတ်မိနေသူတွေ အများအပြား ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၇…

တရားဝင်မှတ်ပုံတင်ခွင့် ရရှိထားတဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ရှေ့လုပ်ငန်းစဉ်က ဘာတွေဖြစ်မလဲ။

“လူထုစည်းရုံးရေးမှာ စုပြီးတော့ စည်းရုံးတာက အစ တရားဝင် ဖြစ်သွားပြီဆိုတော့လည်း အများကြီးကောင်းတာပေါ့။ ပြည်သူလူထုဆီကလည်း အကြံဉာဏ်ပိုပြီးတော့ ရလာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့လည်း သူတို့ဆီက ဘယ်လို ဆက်လုပ်သွားရမလဲဆိုတာကိုလည်း သေသေချာချာ ချပြလို့ရတာပေါ့” – နိုင်သန်းရွှေ (ပါတီ ပြောခွင့်ရသူ) စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နှစ်ခွဲကျော် စောင့်ဆိုင်းထားတဲ့ မွန်ညီညွတ်ရေးပါတီ MUP ကို စက်တင်ဘာ ၉…

ရုရှားနိုင်ငံပိုင်မီဒီယာကို အမေရိကန် ပိတ်ဆို့အရေးယူမှုထပ်ချ

ဝါရှင်တန်၊ စက်တင်ဘာ ၁၄ နိုင်ငံပိုင် ရုပ်သံလိုင်း RT ဟာ ရုရှား ထောက်လှမ်းရေးဌာနရဲ့ လက်တံခွဲ တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကန်က ပြောကြားပြီး အရေးယူ ပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်ပါတယ်။ RT ရုပ်သံလိုင်းဟာ အမေရိကန်မှာ ဒီမိုကရေစီ အားနည်းစေရေး ကြိုးပမ်းနေတဲ့ ရုရှားအစိုးရ ထောက်ပံ့ပေးထားတဲ့ မီဒီယာတွေထဲက…

ရေဘေးကြောင့် နိုင်ငံတကာထံ စစ်ကောင်စီ ရှားရှားပါးပါး အကူအညီတောင်းခံ

ရန်ကုန်၊ စက်တင်ဘာ ၁၄ စစ်ပွဲသုံးနှစ်တာကာလထဲ ဝင်ရောက်လာချိန်မှာ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ရေဘေးဒဏ်ကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်ရေး မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှားရှားပါးပါးအနေနဲ့ စက်တင်ဘာ ၁၄ ရက်မှာ နိုင်ငံတကာထံ အကူအညီ တောင်းခံလိုက်ပါတယ်။ စူပါတိုင်ဖွန်း မုန်တိုင်း ယာဂီကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းတို့မှာ…

ဆေးသင်တန်းသား ၁၈ ဦး သေဆုံးမှု စုံစမ်းစစ်ဆေးသွားမယ်လို့ KNDF ပြော

လွိုင်ကော် ၊ စက်တင်ဘာ ၁၄ လေ့ကျင့်ရေးပြုလုပ်နေစဉ် ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါ သေဆုံးခဲ့ရမှုအပေါ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ KNDF ရဲ့ ဆေးဌာနကနေ ကြီးမှူးဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသားတွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ့မှာ…

ရခိုင်ပြည်နယ်မှာ ကျန်ရှိတဲ့မြို့ ရှစ်မြို့ သိမ်းပိုက်ရေး AA ဆက်လက်ထိုးစစ်ဆင်နေ

မောင်တော၊ စက်တင်ဘာ ၁၄ ရခိုင်ပြည်နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ မောင်တောမြို့အပါအဝင် မြို့ ရှစ်မြို့ကို အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။ ရခိုင်ဒေသမှာစတင်ခဲ့တဲ့ စစ်ဆင်ရေးဆယ်လအတွင်း ရက္ခိုင့်တပ်တော် AA ဟာ ချင်းပြည်နယ်က ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။ အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာ AA…