ကျိုက်ထို၊ ဇွန် ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်နဲ့ လူမှုကူညီရေးအသင်းဝင်တွေအပါအဝင် ဒေသခံ ၈ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မိ သားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

သူတို့တွေကိုတော့ စစ်ကောင်တပ်က ဇွန် ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တို့မှာ နေအိမ်တွေအတွင်း အင် အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကော့စံနိုင်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးမြအောင်နဲ့ မချစ်စုရတနာတို့ သားအဖနှစ်ဦး၊ ကိုချမ်းသာအောင်၊ ဦးစိုးလှိုင်၊ သူတို့ရဲ့မိတ်ဆွေအမျိုးသား ၄ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကို ကျိုက်ထိုရဲစခန်းနဲ့ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ စစ်ကြောရေးမှာ စစ်ဆေးနေပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရဘူးလို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးထားတဲ့သူတွေဟာ PDF အဖွဲ့တွေနဲ့ ပတ်သက်ဆက်စပ်နေတာ၊ ထောက်ပို့ လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့ကလည်း ကျိုက်ထိုမြို့ ကောစ့နိုင်ရပ်ကွက်မှာ အရက်ထိုင်နေတဲ့သူတွေ လူငယ်တွေ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ၁ ဦး သေဆုံးပြီး ၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန် ၁၇ ရက်နေ့ထုတ် အစီရင် ခံစာရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ လူပေါင်း ၂၆၀၀၀ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ကော့စနိုင်လူမှုကူူညီရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.