ရန်ကုန်၊ ဇွန် ၅

ဇွန်လ ၁ ရက်တုန်းက ကွယ်လွန်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယကလည်းဖြစ်တဲ့ သူရဦးတင်ဦးရဲ့ စျာပနကို ရန်ကုန်မြို့က ရေဝေးသုသာန်မှာ ဒီနေ့ နေ့လယ် ၂ နာရီမှာ ဂူသွင်း သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

ရေဝေးသုသာန်ကိုသွားတဲ့ သူရဦးတင်ဦးစျာပန နာရေးယာဥ်တန်းဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အရှေ့ကနေ ဖြတ်သန်းခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်ရှိပြီဖြစ်တဲ့ သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၁၉၈၈ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တည်ထောင်ခဲ့သူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။

Photo-နာရေးကူညီမှုအသင်း-ရန်ကုန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.