June 2024

ပြည်ပခရီးသွား ၆၃ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ စစ်ကောင်စီပြောပြန်

နေပြည်တော် ၊ ဇွန် ၂၃ နိုင်ငံအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေချိန် ပြည်ပခရီးသွား ဝင်ရောက်မှု ၆၃ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောပါတယ်။ ဇွန်၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အခုလိုပြောဆိုခဲ့တာပါ။ ပြည်ပခရီးသွား…

သန်းခေါင်စာရင်းအတွက် အပြည့်အဝထိန်းချုပ်ထားတဲ့ မြို့တွေမှာ စစ်ကောင်စီစတင်လှုပ်ရှား

မော်လမြိုင် ၊ ဇွန် ၂၃ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် စစ်ကောင်စီ အပြည့်အဝထိန်းချုပ်ထားတဲ့ မြို့တွေမှာ လူဦး ရေသန်းခေါင်စာရင်းဆိုင်ရာ ဆိုင်းဘုတ်စိုက်ထူတာနဲ့ အသိညာပေးလက်ကမ်းစာစောင်ဖြန့်ဝေမှုတွေကို စတင်လှုပ်ရှားလာပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်အရ ဇွန် ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နေပြည်တော်အပါအဝင် ဧ ရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ တနင်္သာရီ၊ ရှမ်းနဲ့ မွန်ပြည်နယ်တို့မှာ…

တိုက်ပွဲပြင်းထန်နေတဲ့ ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားထပ်မံဖြည့်တင်း

ရေဖြူ၊ ဇွန် ၂၃ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မျောက်ချောကျေးရွာကို စစ်ကောင်စီဘက်က တပ်အင်အားရာနဲ့ချီ ထပ်မံဖြည့်တင်းပြီး စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲပြင်းထန်နေတဲ့ မျောက်ချောရွာမှာ နဂိုရှိနေတဲ့ စစ်ကောင်စီအင်အားတွေအပြင် အခုအခါရေကြောင်းနဲ့ ကြည်းကြောင်းကနေ တပ်အင်အား ၃၀၀ ကျော် ထပ်မံဖြည့် တင်းထားတဲ့အတွက်…

မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်ကို ဘင်္ဂလားဒေ့ရှ် သတိပေး

ဒါကာ၊ ဇွန် ၂၂ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထဲကို ပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန် ခန်းက ဇွန် ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ မိမိတို့နိုင်ငံထဲကို ပစ်ခတ်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ များစွာစိုးရိမ်မိတယ်ဆိုတာ မြန်မာစစ်တပ်နဲ့ AA တို့ကို အလေးအနက် သတိပေးထားပြီး…

ထိုင်ဝမ် ခွဲထွက်ရေးသမားတွေကို သေဒဏ်ပေးမယ်လို့ တရုတ် ခြိမ်းခြောက်

ဘေဂျင်း၊ ဇွန် ၂၂ ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေအနေနဲ့ ပြင်းထန်တဲ့ အမှုတွေ ကျူးလွန်ရင် သေဒဏ်ပေးမယ်လို့ တရုတ်က ဇွန် ၂၁ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်အပေါ် တရုတ်တရားရုံးတွေ အနေနဲ့ တရားစီရင်ပိုင်ခွင့် မရှိပေမယ့် ဘေဂျင်းအစိုးရက ဖိအား ပိုပေးလိုက်တာလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ကို သူတို့ပိုင်ဆိုင်တဲ့ နယ်မြေတစ်ခုအဖြစ် ရှုမြင်ထားတဲ့…

ကျောက်လုံးကြီးစခန်းပြန်ရဖို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေ

တနင်္သာရီ၊ ဇွန် ၂၂ တပ်ဖွဲ့ဝင်တွေ အားလုံးစခန်းစွန့်ခွာထွက်ပြေးသွားတဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် ကျောက်လုံး ကြီးစခန်း ပြန်ရဖို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကစပြီး မြိတ်ဘက်ခြမ်း ကနေ ကျောက်လုံးကြီးဗျူဟာစခန်းထံ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။…

ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးကြောင့် သံဃာနှစ်ပါးနဲ့ အရပ်သားနှစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ ဇွန် ၂၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် သံဃာနှစ်ပါးနဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၂၁ ရက်နေ့ ညနေ ၃နာရီအချိန်ခန့်မှာ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ခရွဲကျေး…

ကျောက်ကြီးမှာ လက်နက်ကြီးကျလို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး

ကျောက်ကြီး၊ ဇွန် ၂၂ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ပေါက်ကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇွန် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ကျောက်ကြီးအခြေစိုက် အမှတ် ၃၀၇ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ…

မွန်ပြည်သစ်ပါတီ AD နဲ့ လူမှုအသင်းအဖွဲ့တွေ တွေ့ဆုံ

ရေး၊ ဇွန် ၂၁ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကို ရှင်းလင်းတင်ပြဖို့၊ ပြည်သူတွေရဲ့အသံနဲ့ အကြံပြုချက် ရယူဖို့အတွက် လူမှုအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ AD က သတင်းထုတ်ပြန်ပါတယ်။ ဇွန် ၁၉ ရက်နေ့က မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်အဖွဲ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ လူမှုအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့တာပါ။ တွေ့ဆုံပွဲကို လူမှုအသင်းအဖွဲ့အသီးသီးက…

စလင်းမြို့နယ်မှာ စစ်ကောင်စီလက်ချက်နဲ့ ပြည်သူနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ

မကွေး၊ ဇွန် ၂၁ မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူနှစ်ဦးကို နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဇွန် ၁၈ နဲ့ ၁၉ ရက်တွေမှာ စျေးသည်တစ်ဦးနဲ့ ဆိုင်ကယ်မောင်းလာသူတစ်ဦးကို စလင်းမြို့ လေးတိုင်စင်အနီးမှာ ပစ်သတ်လိုက်တာပါ။ “အမျိုးသမီးကစျေးသည်ပါ။ မနက် သုံးနာရီလောက်မှာ စျေးခြင်းတောင်းနဲ့လာတာကို ပစ်သတ်ပြီးတော့ ကားမှာ ကြိုးနဲ့ဆွဲပြီး စခန်းဘက်ကိုမောင်းထွက်သွားတာ။”…